မြိုင် အောက်တိုဘာ ၈
မကွေးတိုင်းဒေသကြီး၊ ပခုက္ကူခရိုင်၊ မြိုင်မြို့ ပြည်သူ့ဆေးရုံတွင် မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့၏ စီမံခန့်ခွဲမှုဖြင့် ဆောင်ရွက်နေသော ZOY30 အောက်စီဂျင်စက်ရုံမှာ အောက်တိုဘာ ၇ ရက်မှ စတင် လည်ပတ်နေပြီး အောက်ဆီဂျင်များ ဖြည့်ဆည်းဆောင်ရွက်လျက်ရှိသည်။
အဆိုပါ ZOY30အောက်ဆီဂျင်စက်ရုံကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏ ဦးဆောင်လမ်းညွှန်မှုဖြင့် မြို့နယ်အဆင့် ဌာနဆိုင်ရာမှ တာဝန်ရှိသူများ၊ ကိုဗစ်-၁၉ ရောဂါ ထိန်းချုပ်ရေးနှင့် အရေးပေါ် တုံ့ပြန်ရေးကော်မတီနှင့် ပရဟိတအသင်းအဖွဲ့များ ပူးပေါင်းကာ တည်ဆောက်ခဲ့ခြင်းဖြစ်ပြီး တစ်နာရီလျှင် အောက်စီဂျင် ၄၀ လီတာ အိုး ငါးလုံး ထွက်ရှိကြောင်း သိရသည်။
သူရ(ပုံတောင်)


