mdn

ပေါင်   အောက်တိုဘာ   ၈
    
မွန်ပြည်နယ်၊ သထုံခရိုင်၊ ပေါင်မြို့နယ်၊ နတ်ကြီးချောင်ကျေးရွာ၊ တိုက်ကျောင်းဘုန်းကြီးကျောင်းတွင် အောက်တိုဘာ ၈ ရက် နံနက်ပိုင်းက ပြည်သူများအား ပန်းခင်းစီမံချက်ဖြင့် တိုင်းရင်းသား/ ဥပဒေအရ နိုင်ငံသားများအား ဥပဒေနှင့်အညီ အိမ်ထောင်စုစာရင်းနှင့် ကိုင်ဆောင်သင့်သော ကတ်တစ်မျိုးမျိုး ထုတ်ပေး နိုင်ရေး မြို့နယ်လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဆိုင်ရာ ဦးစီးမှူးရုံးမှ မြို့နယ်ဦးစီးမှူး ဦးသန်းဝင်းဇော် ဦးဆောင်သော ဝန်ထမ်းများက ကွင်းဆင်းဆောင်ရွက်ခဲ့သည်။

မြို့နယ်ဦးစီးမှူးနှင့် ဝန်ထမ်းများက ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေး လမ်းညွှန်ချက်များနှင့်အညီ ပေါင်မြိုနယ်၊ နတ်ကြီးချောင်ကျေးရွာအတွင်းရှိ ပြည်သူများအား ပန်းခင်းစီမံချက်ဖြင့် ဆောင်ရွက်ပေးရာတွင် နိုင်ငံသား စိစစ်ရေးကတ်ပြား အသက် ၁၀ နှစ်ပြည့် ၁၄ ကတ်၊ အသက် ၁၈ နှစ်ပြည့် ခုနစ်ကတ်၊ လဲလှယ်ကတ် ၁၁ ခု၊ မိတ္တူ ၂၅ ကတ် စုစုပေါင်း နိုင်ငံသားစိစစ်ရေးကတ် ၅၇ ကတ်ကို ကွင်းဆင်း ဆောင်ရွက် ပေးနိုင်ခဲ့ကြောင်း သိရသည်။

ဝဏ္ဏမောင်(ပြန်/ဆက်)