mdn

ပုဏ္ဏားကျွန်း   အောက်တိုဘာ   ၈

နယ်စပ်ရေးရာဝန်ကြီးဌာန၊ ပညာရေးနှင့် လေ့ကျင့်ရေးဦးစီးဌာန၊ နယ်စပ်ဒေသ တိုင်းရင်းသားလူငယ် စက်မှုလက်မှုသင်တန်း မော်တော်ယာဉ်စက်ပြင်သင်တန်း(၄/၂၀၂၁)၊ ဆောက်လုပ်ရေးသင်တန်း၊ လက်ကိုင်ဖုန်းပြင်သင်တန်း(၆/၂၀၂၁)၊ အဲယားကွန်း/ရေခဲသေတ္တာနှင့် လျှပ်စစ်ဂဟေသင်တန်း (၇/၂၀၂၁)ဆင်းပွဲကို  အောက်တိုဘာ ၈ ရက် နံနက်ပိုင်းက ရခိုင်ပြည်နယ်၊ ပုဏ္ဏားကျွန်းမြို့၊ စက်မှုလက်မှုသင်တန်းကျောင်း ခန်းမဆောင်၌ ကျင်းပသည်။

သင်တန်းဆင်းပွဲတွင် ထူးချွန်ဆုရရှိသော မောင်စိုးဝင်း၊ မောင်ဖြိုးဝင်း၊ မောင်ဘာဝေညာ၊ မောင်အောင်ကိုလင်း၊ မောင်နေဆန်းဦးနှင့်မောင်အောင်ဆန်းတို့ကို ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးစိန်မြင့်နှင့် နယ်စပ်ဒေသတိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ရခိုင်ပြည်နယ်ရုံးမှ ညွှန်ကြားရေးမှူး ဦးမောင်မောင်နိုင်တို့က ဂုဏ်ပြုဆုငွေနှင့်ဆုတံဆိပ်များအား ချီးမြှင့်ပေးအပ်ပြီး  မြို့နယ်စီမံအုပ်ချုပ်အဖွဲ့ ဥက္ကဋ္ဌ ဦးဇော်သိန်းနှင့် တာဝန်ရှိသူများက သင်တန်းဆင်းလက်မှတ်များ ချီးမြှင့် ပေးအပ်သည်။

နီထွန်းအောင်(ပြန်/ဆက်)