နတ်မောက်   အောက်တိုဘာ  

 

မကွေးတိုင်းဒေသကြီး၊ နတ်မောက်မြို့နယ်၌ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာနမှ ပန်းခင်း စီမံချက်ဖြင့် နိုင်ငံသား စိစစ်ရေးကတ်ပြားနှင့် အိမ်ထောင်စု လူဦးရေစာရင်းများကို ရပ်ကွက်နှင့် ကျေးရွာများသို့ ကွင်းဆင်းဆောင်ရွက်ပေးလျက်ရှိရာ အောက်တိုဘာ ၇ ရက်က အိုင်ဇောက်ကျေးရွာအုပ်စု၊ ဂွေးချောင်းကျေးရွာတွင် ကျေးရွာအတွင်းရှိ ပြည်သူများအား ကွင်းဆင်းဆောင်ရွက်ပေးခဲ့သည်။

 

ထိုသို့ဆောင်ရွက်ရာတွင် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန မြို့နယ်ဦးစီးမှူးရုံးမှ ဦးစီး အရာရှိနှင့် ဝန်ထမ်းများက ပန်းခင်းစီမံချက်ဖြင့် ပုံစံ-(က) ၉၁ ဦး၊ ပုံစံ-(က) ၁၄ ဦး စုစုပေါင်း ၁၀၅ ဦးကို ကျန်းမာရေးလမ်းညွှန်ချက်များနှင့်အညီ ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

 

လှဝင်း(ပြန်/ဆက်)