တာချီလိတ်    အောက်တိုဘာ    ၉ 

 

ရှမ်းပြည်နယ်(အရှေ့ပိုင်း) တာချီလိတ်မြို့ပေါ်ရပ်ကွက်များမှ အခြေခံလူတန်းစား အိမ်ထောင်စုပေါင်း ( ၅၀၀)အား  ဦးအားတီ + ဒေါ်နန်းခင်ခင်ထွေး( စံလင်းဖြိုး)ကုမ္ပဏီ မိသားစု က အခြေခံစား​သောက်ကုန် များကို အောက်တိုဘာ ၉ ရက် နံနက် ၁၀ နာရီတွင် အာယုဒါန အောက်ဆီဂျင်စက်ရုံ၌ ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။

 

ထောက်ပံ့ရာ၌ တာချီလိတ်မြို့ရှိ စားဝတ်​နေ​ရေး ခက်ခဲလျက်ရှိ​​သည့် အခြေခံ အိမ်​ထောင်စုပေါင်း (၅၀၀) အတွက် အိမ်ထောင်စုတစ်စုလျှင် ဆန် ရှစ်ပြည်ပါ တစ်အိတ်၊ စားဆီ တစ်လီတာဗူး တစ်ဗူး နှင့် ငါး​သေတ္တာဗူး ၅ ဗူး စသည်တို့အား ပြည်သူများ  လက်ဝယ်အရောက် ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။

 

ယနေ့ထောက်ပံ့လှူဒါန်းခြင်းသည် ပထမအကြိမ်ဖြစ်ပြီး ဆက်လက်၍ လှူဒါန်းထောက်ပံ့ပေးသွားရန် စီစဉ်ထားကြောင်း အလှူရှင်  ဦးအားတီ ထံမှ သိရသည်။

 

ယာဆေး(ပြန်/ဆက်)