အုတ်ဖို  အောက်တိုဘာ ၉

 

၂၀၂၁ ခုနှစ် အောက်တိုဘာ(၁)ရက်တွင် ကျရောက်သည့် အပြည်ပြည်ဆိုင်ရာ သက်ကြီးရွယ်အိုများနေ့တွင် မြန်မာတစ်နိုင်ငံလုံးရှိ ဘိုးဘွားများအနက် အသက်ကြီးဆုံးအဖြစ် သတ်မှတ်ခံရသူ သာယာဝတီခရိုင်၊ အုတ်ဖိုမြို့နယ်၊  ရှမ်းရွာကျေးရွာအုပ်စု၊ သရက်ပင်ကန် ကျေးရွာတွင် နေထိုင်သူ အဖွားဒေါ်ထွေးအား လူမှုဝန်ထမ်းဦးစီးဌာနမှ အောက်တိုဘာ ၉ ရက်နံနက်ပိုင်းက ဂုဏ်ပြုငွေပေးအပ်ခဲ့ကြောင်း သိရသည်။

 

အဖွားဒေါ်ထွေးအား ဂုဏ်ပြုငွေပေးအပ်ရာတွင် ပဲခူးတိုင်းဒေသကြီး၊ လူမှုဝန်ထမ်းဦးစီးဌာနမှ ညွှန်ကြားရေးမှူး ဒေါ်ယဉ်ယဉ်ပြုံး၊ သာယာဝတီခရိုင် လူမှုဝန်ထမ်းရုံးမှ ဦးစီးအရာရှိ ဒေါ်မြင့်မြတ်စိုးနှင့် အုတ်ဖိုမြို့နယ်၊ အိုးသည်ကုန်းမြို့ မြို့အုပ်ချုပ်ရေးမှူး ဦးသူရိန်ထွန်းတို့က ဂုဏ်ပြုငွေ(၁၀၀၀၀၀၀) တစ်ဆယ်သိန်းကျပ်နှင့် ဂုဏ်ပြုမှတ်တမ်းလွှာတို့ကို လက်ဝယ်အရောက် ပေးအပ်ခြင်းဖြစ်ကြောင်းနှင့် အဖွားဒေါ်ထွေးမှာ အသက်(၁၂၈)နှစ်ရှိပြီ ဖြစ်ကြောင်း သိရသည်။

 

အောင်သူ(အုတ်ဖို)