မိုးနဲ  အောက်တိုဘာ  ၉

 

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လင်းခေးခရိုင်၊ မိုးနဲမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကူးစက်မှုမရှိစေရေးအတွက်  ကြိုတင်ကာကွယ်ရေးလုပ်ငန်းများအဖြစ် အသိပေးနှိုးဆော်ခြင်း၊ လက်ကမ်းစာစောင်ဖြန့်ဝေပေးခြင်းနှင့် နှာခေါင်းစည်း တပ်ဆင်ရေးလှုပ်ရှားမှုများကို အရှိန်အဟုန်မြှင့် ဆောင်ရွက်လျက်ရှိရာ ယနေ့နံနက် ၆ နာရီခွဲအချိန်က ဥယျာဉ်ရပ်ကွက်ရှိ ချယ်ရီလမ်းနှင့် သဇင်လမ်းဆုံနေရာများတွင် အသိပညာပေးနှိုးဆော်ခြင်း၊  နှာခေါင်းစည်း   (Mask) နှင့် ပညာပေးလက်ကမ်းစာ‌စောင်းများ အခမဲ့ဖြန့်ဝေပေးခဲ့‌ကြောင်း သိရသည်။

 

ယင်းသို့ဆောင်ရွက်ရာတွင် မြို့နယ်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှူး ဦးမျိုးညွန့်ရွှေ၊ ဥယျာဉ်ရပ်ကွက်အုပ်ချုပ်ရေးမှူး ဦးစိုင်းဘသန်း နှင့် ရပ်‌/ကျေးစာရေး ဝန်ထမ်းများ၊ နမ့်ခုံး ရှမ်းများပရဟိတအသင်းမှ စေတနာ့ဝန်ထမ်းများ ပူးပေါင်းအဖွဲ့ဝင်များက ချယ်ရီလမ်းနှင့် သဇင်လမ်းဆုံမှနေ၍ ရပ်ကွက်အတွင်းရှိပြည်သူများ၊ ဈေးလာရောက်ဝယ်ယူကြသော ပြည်သူများ သိရှိလိုက်နာရမည့် ကျန်းမာရေးဝန်ကြီးဌာနမှ ထုတ်ပြန်ထား‌သော လမ်းညွှန်ချက်များအား မြန်မာဘာသာ/ရှမ်းဘာသာဖြင့် အသိပေးနှိုးဆော်ခြင်း၊ နှာခေါင်းစည်း (Mask)များ တပ်ဆင် သွားလာ‌ရေးအသိ ပညာပေးခြင်း၊ နှာခေါင်းစည်းနှင့် အသိပညာပေး လက်ကမ်းစာစောင်များ အခမဲ့ဖြန့်ဝေပေးခြင်း တို့ကို ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

 

မျိုးညွန့်ရွှေ (ပြန်/ဆက်)