မိုင်းပျဉ်း အောက်တိုဘာ ၉
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံခရိုင်၊ မိုင်းပျဉ်းမြို့နယ်၌ ကိုဗစ်-၁၉ ရောဂါကာကွယ်၊ ထိန်းချုပ်၊ ကုသရေး လုပ်ငန်းများ ဆောင်ရွက်ရာတွင် အသုံးပြုနိုင်ရန်အတွက် ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးကော်မတီက ပေးပို့လှူဒါန်းသော ကိုဗစ်-၁၉ ရောဂါကုသရေးသုံး ပစ္စည်းများ လွှဲပြောင်းပေးအပ်ပွဲကို အောက်တိုဘာ ၉ ရက်နံနက်ပိုင်းက မြို့နယ်ပြည်သူ့ဆေးရုံ၌ ကျင်းပခဲ့ကြောင်း သိရသည်။
အဆိုပါ လွှဲပြောင်းပေးအပ်ပွဲတွင် မြို့နယ် ကိုဗစ်-၁၉ ရောဂါကာကွယ်၊ ထိန်းချုပ်၊ ကုသရေး လုပ်ငန်း ကော်မတီဥက္ကဋ္ဌ၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးမြင့်ဝင်းနှင့် တာဝန်ရှိသူတို့က ရှမ်းပြည်နယ် (အရှေ့ပိုင်း)၊ ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးကော်မတီက ပေးပို့လှူဒါန်းသော အောက်ဆီဂျင်(၄၀)လီတာအိုး အလုံး(၂၀)၊ Flow Meter အလုံး(၂၀)နှင့် Oxygen Concentrator (၂)လုံးတို့ကို လွှဲပြောင်းပေးအပ်ရာ မြို့နယ် ဆရာဝန်ကြီး ဒေါက်တာစိုင်းစိုးဟိန်းက လက်ခံရယူခဲ့ကြောင်း သိရသည်။
မိုင်းပျဉ်းမြို့နယ်တွင် ၂၀၂၁ ခုနှစ်၊ ဇွန်(၃၀)ရက်မှ ယနေ့အထိ ကိုဗစ်-၁၉ ရောဂါ အတည်ပြုလူနာ (၆၂၅)ဦးအထိ စစ်ဆေးတွေ့ရှိပြီး၊ ကျန်းမာရေးကောင်းမွန်၍ နေရပ်ပြန်ခွင့်ရသူ (၅၁၃)ဦး၊ သေဆုံးလူနာ (၁)ဦးနှင့် ဆေးကုသမှုခံယူနေသူ (၁၁၁)ဦးရှိရာ အဆိုပါ ဆေးကုသမှုခံယူနေသူများအတွက် အောက်စီဂျင်အိုးများ လိုအပ်လျက်ရှိသဖြင့် ယခုလိုထောက်ပံ့ပေးအပ်လှူဒါန်းရခြင်း ဖြစ်ကြောင်း သိရသည်။
ယဉ်ယဉ်ဝင်း(ပြန်/ဆက်)