မြောက်ဦး အောက်တိုဘာ  ၉

 

ရခိုင်ပြည်နယ်၊ မြောက်ဦးခရိုင်၊ မြောက်ဦးမြို့နယ်အတွင်း၌ လတ်တလော အသက်ရှုလမ်းကြောင်းဆိုင်ရာ ကိုဗစ်-၁၉ ရောဂါကြိုတင်ကာကွယ်နိုင်ရေးနှင့် ထိရောက်စွာ ကုသနိုင်ရေးအတွက်  မြို့ပေါ် ရပ်ကွက်များတွင် ယာယီဖွင့်လှစ် ထားသော နေရပ်စွန့်ခွာ စခန်းများ၌ လာရောက်ခိုလှုံ ရန်ရောက်ရှိ နေကြသော အသက်(၁၈)နှစ်အထက်ပြည်သူများအား ကိုဗစ်ကာကွယ်ဆေး(Sinopharm)ဆေးများ ဆက်လက် ထိုးနှံခြင်းကို အောက်တိုဘာ ၉ ရက် နံနက် ၈ နာရီအချိန်က ကျန်းမာရေးဦးစီးဌာန ဝန်ထမ်းများမှ သတ်မှတ်စုရပ်နေရာများ၌ ကိုဗစ်ကာကွယ်ဆေးများ ဆက်လက်ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။

 

ထိုနောက် ကိုဗစ်ကာကွယ်ဆေး (Sinopharm) များအား မြန်မာနိုင်ငံအတွင်းရှိ တိုင်းဒေသကြီး၊ ပြည်နယ်ခရိုင်များနှင့် မြို့နယ်များတွင် ကျန်းမာရေးဝန်ကြီးဌာန၏ လမ်းညွှန်ချက်များနှင့် အညီ မြန်မာနိုင်ငံအတွင်းရှိ မြို့ပေါ်ရပ်ကွက်များနှင့် ကျေးလက်ဒေသများပါမကျန် ကိုဗစ်ကာကွယ် ဆေး များအား အချိန်နှင့်တစ်ပြေးညီ ဆက်လက်ထိုးနှံပေးလျက်ရှိရာ ဒိုင်းဂျီဘုန်းတော် ကြီးကျောင်းဟောင်းနှင့် ဒိုင်းဂျီဘုန်းတော်ကြီးကျောင်းသစ်၌ ယာယီဖွင့်လှစ်ထားသော နေရပ်စွန့် ခွာစခန်းများမှ အသက်(၁၈)နှစ်အထက် ပြည်သူများကို  မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ကျန်းမာရေးဝန်ထမ်းများက ကိုဗစ်ကာကွယ်ဆေးမထိုးနှံမီ လိုအပ်သော ကျန်းမာရေးစောင့်ရှောက် မှုများဖြစ်သော ကိုယ်အပူချိန် တိုင်းတာပေးခြင်း၊ သွေးပေါင်ချိန်တိုင်းတာပေးခြင်းနှင့် သွေးတွင်း အောက်ဆီဂျင်ပမာဏပြည့်ဝမှု ရှိ/မရှိ တိုင်းတာပေးခြင်းများနှင့် သွေး တိုး/ ဆီးချိုရောဂါစသည့် ရောဂါများရှိ/မရှိတို့အား စနစ်တကျစစ်ဆေး ဆောင်ရွက်ပေးခြင်းနှင့် ကျန်းမာရေးအသိပညာပေး ခြင်းများအား ရှင်းလင်းဟောပြောခဲ့သည်။

 

ဆက်လက်၍ အဆိုပါဘုန်းတော်ကြီးကျောင်းရှိ နေရပ်စွန့်ခွာစခန်းမှ  ပြည်သူများအား မြို့နယ် ကျန်းမာရေးဦးစီးဌာနမှ  မြို့နယ်ကျန်းမာရေး ဝန်ထမ်းများ၊ အောင်တပ်ရပ်ကွက် အုပ်ချုပ်ရေးမှူးနှင့် နေရပ်စွန့်ခွာစခန်းတာဝန်ခံများပူးပေါင်း၍ (Sinopharm) ကိုဗစ်ကာကွယ် ဆေးများအား ဆက်လက်ထိုးနှံပေးလျက်ရှိသည်။ ကိုဗစ်ကာကွယ်ဆေးများဆက်လက် ထိုးနှံပေးရာတွင် ယနေ့နံနက်ပိုင်းအထိ ဒိုင်းဂျီကျောင်းဟောင်းနှင့် ကျောင်းသစ်ဘုန်းကြီးကျောင်းရှိ နေရပ် စွန့်ခွာ ပြည်သူ(၁၉၆)ဦးအား (Sinopharm) ကိုဗစ်ကာကွယ်ဆေးများအား ဆက်လက်ထိုးနှံ ပေးလျက်ရှိကြောင်း သိရသည်။

 

ခင်မောင်ထွန်း(ပြန်/ဆက်)