ကြံခင်း   အောက်တိုဘာ  ၁၀

ဧရာဝတီတိုင်းဒေသကြီး ဟင်္သာတခရိုင် ကြံခင်းမြို့တွင် မြို့နယ်လူမှုဝန်ထမ်းဦးစီးဌာနမှ စေတနာ့ဝန်ထမ်း လူမှုကူညီရေးအသင်းအဖွဲ့ (၉)ဖွဲ့အား ကိုဗစ်-၁၉ရောဂါ ကာကွယ်ရေးသုံးပစ္စည်းများကို ယမန်နေ့ မွန်းလွဲပိုင်းက ထောက်ပံ့ပေးခဲ့ကြောင်း သိရသည်။

အဆိုပါ ထောက်ပံ့ပေးအပ်သော ပစ္စည်း(၉)မျိုးမှာ Surgical Mask (၃၀၅၀)ခု၊ Mark KN.95 (၁၉၂)ခု၊ Hand Sanitizer (၅၃)ဘူး၊ Level-3 (၆၉)စုံ၊ Level-2 (၆၉)စုံ၊ Goggle (၅၇)ခု၊ Boot (၁၉)ခု၊ Surgical Cap (၁၁၀၀)၊Exam Gloves (၈၀၀)ခုတို့ကို့ ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။

(မြို့နယ် ပြန်/ဆက်)