ဟိုင်းကြီးကျွန်း အောက်တိုဘာ ၁၀


ဧရာဝတီတိုင်းဒေသကြီး ၊ပုသိမ်ခရိုင်၊ဟိုင်းကြီးကျွန်းမြို့ ၊အမှတ်(၃) ရပ်ကွက်၊  အ.ထ.က အဏ္ဏဝါ အခြေခံပညာ အထက်တန်းကျောင်းတွင် အသက်(၅၅)နှစ်နှင့်အထက် ဘိုးဘွားများနှင့် ရေလုပ်သားများအား ကိုဗစ်- ၁၉ ရောဂါ ကာကွယ်ဆေး ပထမအကြိမ်ဆက်လက်ထိုးနှံခြင်းကို ယမန်နေ့ နံနက်ပိုင်းက ထိုးနှံပေးခဲ့ကြောင်း သိရသည်။

 

အဆိုပါ ကာကွယ်ဆေးလာရောက်ထိုးနှံသူများအား ကျန်းမာရေးဝန်ကြီးဌာနမှ ထုတ်ပြန်ထားသည့် ညွှန်ကြားချက် များနှင့်အညီ ကာကွယ်ဆေးထိုးနှံ ပေးခဲ့ပြီး အမှတ်(၁)ရပ်ကွက်နှင့် အမှတ်(၂)ရပ်ကွက်တို့မှ ကာကွယ်ဆေး လာရောက်ထိုးနှံသူ (၂၅၀)ဦး၊ အမှတ်(၃)ရပ်ကွက်မှ လာရောက်ထိုးနှံသူ (၂၅၀)ဦး၊ စုစုပေါင်း (၅၀၀)ဦးအား ထိုးနှံပေးခဲ့ကြောင်း သိရသည်

နွေးနွေးအောင်(ပြန်/ဆက်)