ဟိုင်းကြီးကျွန်း အောက်တိုဘာ ၁၁
ဧရာဝတီတိုင်းဒေသကြီး ၊ပုသိမ်ခရိုင်၊ငပုတောမြို့နယ်၊ ဟိုင်းကြီးကျွန်းမြို့၊ ပြင်ခရိုင် ကျေးရွာအုပ်စုတွင် လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန ၊ ငပုတော မြို့နယ် ဦးစီးမှူးရုံးမှ ဦးဖြိုးဝေစိုး ဦးဆောင်၍ ပန်းခင်းစီမံချက်ဖြင့် အိမ်ထောင်စုလူဦးရေစာရင်း နှင့် ကိုင်ဆောင်သင့်သော ကတ်တစ်မျိုးမျိုး ထုတ်ပေးရေးလုပ်ငန်းများကို အောက်တိုဘာ ၉ ရက်နှင့် ၁၀ ရက်နေ့များတွင် ပြင်ခရိုင် အထက်တန်းကျောင်းတွင် ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
အဆိုပါ ပန်းခင်းစီမံချက်ဖြင့် နိုင်ငံသားစိစစ်ရေးကတ်ပြား ကွင်းဆင်းဆောင်ရွက်ခြင်းကို ကျန်းမာရေး၀န်ကြီးဌာနမှ ထုတ်ပြန်ထားသည့် ကိုဗစ်၁၉ ညွှန်ကြားချက်များနှင့်အညီ ၁၀နှစ်နှင့်အထက် နိုင်ငံသားကတ်ကိုင်ဆောင်မှု ၃(က) တွင် ကျား (၂၅)ဦး ၊ မ (၁၉)ဦး ၊စုစုပေါင်း (၄၄)ဦးကိုလည်းကောင်း၊ ၁၈နှစ်နှင့်အထက် နိုင်ငံသားကတ်ကိုင်ဆောင်မှု ၆(က)တွင် ကျား(၂၂)ဦး၊ မ(၃၁)ဦး၊ စုစုပေါင်း(၅၃)ဦးကိုလည်းကောင်း၊ ၁၀ နှစ်မှ ၁၈ နှစ်ပြည့် လဲလှယ်မှုတွင် ကျား ၄၆ ဦး၊ မ ၇၀ စုစုပေါင်း ၁၁၆ ဦး ကိုလည်းကောင်း၊ ပျောက်ဆုံး/ပျက်စီး ထုတ်ပေးခြင်းတွင် ကျား(၁၀၀)ဦး၊မ(၈၉)ဦး၊စုစုပေါင်း(၁၈၉)ဦး ကိုလည်းကောင်း ကတ်အမျိုးမျိုးဆောင်ရွက်ပေးလျက်ရှိရာ ပြင်ခရိုင်ကျေးရွာအုပ်စုတွင် စုစုပေါင်း ကျား (၁၉၃)ဦး၊ မ(၂၀၉)ဦး၊ စုစုပေါင်း(၄၀၂)ဦး ဆောင်ရွက်ပေးပြီးဖြစ်ကြောင်း သိရသည်။
နွေးနွေးအောင် (ပြန်/ဆက်)