မိုင်းဆတ် အောက်တိုဘာ ၁၁

 

ရှမ်းပြည်နယ်(အရှေ့ပိုင်း)မိုင်းဆတ်မြို့၌ မျိုးကွဲနုတ်ပယ်ခြင်းနှင့် အီးအမ်ဘိုကာရှီမြေဆွေး ပြုလုပ်နည်းကို ယနေ့နံနက်(၇) နာရီခွဲက ခရိုင်/မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနဝန်ထမ်းများက မယ်ဆွမ်မြောက် ရပ်ကွက်၊ မျိုးသန့်မျိုးပွား မိုးစပါးစိုက်ခင်းတွင် တောင်သူများအားအသိပညာပေး လက်တွေ့ပြသခဲ့ကြောင်း သိရသည်။

           

ဆက်လက်၍ ခရိုင်စိုက်ပျိုးရေးဦးစီးဌာန၊ မျိုးစေ့ဌာနခွဲ၊ မျိုးစေ့တာဝန်ခံ ဦးဇော်သိန်းနိုင်က စိုက်ပျိုး ပြီးချိန်မှ ရိတ်သိမ်းချိန်အထိ၊ မျိုးကွဲနုတ်ပယ်ခြင်း၊ မျိုးကောင်းမျိုးသန့်စိုက်ပျိုးခြင်းဖြင့် ရရှိနိုင်သော အကျိုးကျေးဇူးများ၊ ဗီဇမျိုးသန့်၏ အရည်အချင်းများကို အကျယ်တဝင့် ရှင်းလင်းပြောကြားပြီး စိုက်ပညာပေး လုပ်ငန်းတာဝန်ခံ ဦးသောင်းဝင်းမှ အီးအမ်ဘိုကာရှီ သဘာဝမြေဆွေးပြုလုပ်ပုံ နည်းစနစ်အဆင့်ဆင့်ကို လက်တွေ့သရုပ်ပြသပြီး မျိုးသန့်မျိုးပွား မိုးစပါးစံပြစိုက်ခင်း(၁၀)ဧကတွင် စိုက်ပျိုးရေးဦးစီးဌာန ဝန်ထမ်းများနှင့် တောင်သူများက မျိုးကွဲနုတ်ပယ်ခြင်းနှင့် အသိပညာပေး လက်ကမ်းစာစောင်များ ဖြန့်ဝေပေးခဲ့သည်။

           

 

မြင့်မောင်(မိုင်းဆတ်)