မိုင်းယန်း အောက်တိုဘာ ၁၁
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံခရိုင်၊ မိုင်းယန်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံ ရေးဦးစီးဌာနမှ Book Club၊ Women Club နှင့် Youth Club အသင်းအဖွဲ့များ ပြန်လည်ဖွဲ့စည်း ခြင်းကို ယနေ့နံနက် ၁၀ နာရီက လူထုအခြေပြုဗဟိုဌာန(Community Centre) ခန်းမ၌ ပြုလုပ်ခဲ့ ကြောင်း သိရသည်။
ရှေးဦးစွာ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးခွန်ရဲထွေးက Book Club ဖွဲ့စည်းခြင်းဖြင့် စာအုပ်စာစောင်ချစ်မြတ်နိုးသူများ၊ စာပေဝါသနာ ရှင်များ၊ စာဖတ်သူများ မကြာခဏတွေ့ဆုံကြရခြင်းဖြင့် အချင်းချင်းရင်းနှီးမှုရရှိစေရန်၊ စာပေ အသိအမြင်များ အပြန်အလှန်နှီးနောဖလှယ်ပြီး အသိပညာဗဟုသုတများ တိုးပွားလာစေရန်၊ မိမိတို့ သိရှိလိုသည်များကို မေးမြန်းဆေွးနွေးတတ်တဲ့ အလေ့အကျင့်ကောင်းများ ရရှိစေရန်၊ Women Club ဖွဲ့စည်းခြင်းဖြင့် အမျိုးသမီးကဏ္ဍဆိုင်ရာဆွေးနွေးပွဲများ ဆောင်ရွက်နိုင်စေရန်၊ အမျိုးသမီးများ၏ ဘဝဖွံ့ဖြိုးတိုးတက်ရေးနှင့် အမျိုးသမီးအခွင့်အရေးများ ကာကွယ်ရေးနှင့် လိုအပ်ချက်များ ကူညီဆောင်ရွက်ပေးနိုင်စေရန်၊ Youth Club ဖွဲ့စည်းခြင်းဖြင့် လူငယ်များ အသိဉာဏ်ပညာ မြင့်မားလာစေရန်၊ စာပေနှင့်ရင်းနှီးကျွမ်းဝင်လာစေရန်နှင့် ပရဟိတစိတ်ဓါတ်များ ကိန်းအောင်း လာစေရန် စသည့်ရည်ရွယ်ချက်ကောင်းများဖြင့် Clubs အသင်းအဖွဲ့များ ဖွဲ့စည်းရခြင်းဖြစ်ကြောင်း ရှင်းလင်းပြောကြားသည်။ တက်ရောက်လာသူများမှ ရှင်းလင်းချက်များအပေါ် ပြန်လည်အကြံပြု ဆေွးနွေးခဲ့ကြကြောင်း သိရသည်။
ထို့သို့ Book Club၊ Women Club နှင့် Youth Club အသင်းအဖွဲ့များ ဖွဲ့စည်းရာတွင် ဥက္ကဋ္ဌ၊ အတွင်းရေးမှူးနှင့် အဖွဲ့ဝင်အသီးသီး ဖွဲ့စည်းခဲ့ပြီး တက်ရောက်လာသူများက ပြန်လည်အကြုံပြု ဆွေးနွေးခဲ့ကြကာ လူထုအခြေပြုဗဟိုဌာန၌ လစဉ် စာဖတ်ဝိုင်းများ၊ ဆွေးနွေးပွဲများ ပြည်သူများသို့ အသိပညာပေးလုပ်ငန်းများ ပူးပေါင်းဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။
ထွန်းထွန်းထူး