မြိုင် အောက်တိုဘာ ၁၁
မကွေးတိုင်းဒေသကြီး၊ ပခုက္ကူခရိုင်၊ မြိုင်မြို့နယ် ပြည်သူ့ဆေးရုံသို့ ကျောက်ခွက်-လက်ပံတို-အရာတော်ရေနံနှင့် သဘာဝဓာတ်ငွေ့မြေမှ CSR ရန်ပုံငွေဖြင့် ခွဲစိတ်ခန်းသုံးပစ္စည်းများနှင့် ဆက်စပ်ပစ္စည်းများ လှူဒါန်းပေးအပ်ပွဲကို အောက်တိုဘာလ ၁၁ ရက် နံနက် ၁၀ နာရီက မြို့နယ် အထွေထွေအုပ်ချုပ်ဦးစီးဌာန အစည်းအဝေးခန်းမတွင် ပြုလုပ်သည်။
အခမ်းအနားတွင် မြို့နယ်အုပ်ချုပ်ရေးမှူး ဦးမျိုးသန်းထိုက်က အဖွင့်အမှာစကား ပြောကြားခဲ့ပြီး ကျောက်ခွက်ရေနံမြေမှ ကြီးကြပ်ရေးအင်ဂျင်နီယာ ဦးဝင်းစည်သူက ၂၀၂၀-၂၀၂၁ ဘဏ္ဍာရေးနှစ် CSR ရန်ပုံငွေဖြင့် ခွဲစိတ်ခန်းသုံးပစ္စည်းများနှင့် ဆက်စပ်ပစ္စည်းများ လှူဒါန်းရခြင်း အကြောင်းများကို ရှင်းလင်းပြောကြားခဲ့သည်။
ထို့နောက် ကျောက်ခွက်-လက်ပံတို-အရာတော်ရေနံနှင့် သဘာဝဓါတ်ငွေ့မြေ၏ ၂၀၂၀-၂၀၂၁ ဘဏ္ဍာရေး နှစ်CSR ရန်ပုံငွေဖြင့် မြိုင်မြို့နယ် ပြည်သူ့ဆေးရုံအတွက် Dirthermy (၁)ခု၊ Powerd Air Purifying Respirator(PAPR) (၂)ခု၊ ECG စက်(၁) လုံးနှင့် Air Con(၁)လုံး၊ မြိုင်မြို့Quarantine Centre ၊ ကိုင်းတောမ တိုက်နယ်ဆေးရုံ၊ ဂွေးကုန်း၊ တောင်ရိုး၊ တောင်စုံ၊ တဲကြီးကျေးရွာများတွက် Covid-19 ရောဂါ ကာကွယ်ရေးပစ္စည်းများ၊ ကိုင်းတောမတိုက်နယ်ဆေးရုံအတွက် သားဖွားခန်းသုံးပစ္စည်းများ၊ မြို့နယ်အတွင်းရှိကျေးရွာများအတွက် ခြင်ဆေးဖျန်းစက်(၅)ခု၊ ခြင်ဆေးဖျန်းဆေးရည်(၁၁)ဘူး၊ Oxygen အိုး (၁၇)လုံး၊ Flow Meter (၂၀)၊ လက်ဆေးဘေစင် (၁၂)ခု တို့ကို တာဝန်ရှိသူများက လှူဒါန်း ပေးအပ်ခဲ့ရာ မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့နှင့် မြို့နယ်ကျန်းမာရေးဦးစီးဌာတို့မှ တာဝန်ရှိသူများက လက်ခံရယူခဲ့ကြကြောင်း သိရသည်။
သူရ(ပုံတောင်)