ပင်လောင်း အောက်တိုဘာ ၁၂
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ပင်လောင်းမြို့နယ်တွင် ကိုယ်ဝန်ဆောင် မိခင်များနှင့် အသက် ၂ နှစ်အောက်ကလေးငယ်များအား နိုင်ငံတော်မှပေးအပ်သည့် ထောက်ပံ့ငွေ များကို ပင်လောင်းမြို့နယ် လူမှု၀န်ထမ်းဦးစီးမှူးရုံးတွင် ပေးအပ်လျက်ရှိကြောင်း သိရသည်။
ထိုသို့ ထောက်ပံ့ပေးအပ်ရာတွင် ကိုယ်ဝန်ဆောင်မိခင်များနှင့် အသက် ၂ နှစ်အောက် ကလေးငယ်များကို နိုင်ငံတော်မှ တစ်လလျှင် ငွေကျပ်တစ်သောင်းခွဲနှုန်းဖြင့် သုံးလတစ်ကြိမ် ထောက်ပံ့ပေးလျက်ရှိရာ ၂၀၂၀-၂၀၂၁ ဘဏ္ဍာရေးနှစ်၊ ပထမသုံးလပတ် (အောက်တိုဘာ၊ နိုဝင်ဘာ၊ ဒီဇင်ဘာ) အတွက် ပင်လောင်းမြို့နယ် အတွင်း ၂၀၂၀ ခုနှစ် အောက်တိုဘာ ၁ ရက်နေ့မှ ဒီဇင်ဘာ ၂၀ ရက်အထိ စာရင်းကောက်ယူထားသော ကိုယ်၀န်ဆောင်များ စာရင်းများထဲမှ ကိုယ်၀န်ဆောင် ၁၄၇ ဦး၊၂၀၂၀ခုနှစ် ၕပြီလ ၁ရက်နေ့နောက်ပိုင်းတွင် မွေးဖွားခဲ့သော စာရင်းကောက်ယူထားသည့် အသက် ၂ နှစ်အောက် ကလေးငယ်များထဲမှ ကလေး၂၀၉ ဦး တို့အား တစ်ဦးလျှင် ထောက်ပံ့ငွေ ကျပ်(၄၅၀၀၀ )ကျပ်စီဖြင့် စုစုပေါင်း ထောက်ပံ့ငွေကျပ်(၁၆,၀၂၀,၀၀၀)ကျပ်ကို မြို့နယ်လူမှု၀န်ထမ်းဦးစီးဌာနမှူး ဒေါ်၀င်းမာက သက်ဆိုင်ရာ ကိုယ်၀န်ဆောင်များနှင့် ကလေးငယ်များအား ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။
ထွန်းလင်း(ပင်လောင်း)


