ပင်းတယ အောက်တိုဘာ ၁၂
ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ၊ ပင်းတယမြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများမှ အသက် (၁၂) နှစ် ပြည့်ပြီး (၁၈)နှစ်အောက် ကျောင်းသား၊ ကျောင်းသူများအား အောက်တိုဘာလနှင့် နိုဝင်ဘာလအတွင်း ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေး ထိုးနှံပေးသွားမည်ဖြစ်ကြောင်း ကျောင်းသား၊ ကျောင်းသူများနှင့် မိဘများအား အသိပေးရှင်းလင်းခြင်းကို အောက်တိုဘာ (၁၂) ရက် နံနက်(၉)နာရီက အထက(၁) မြတ်ရတနာခန်းမ၌ ကျင်းပပြုလုပ်သည်။
အဆိုပါ ကာကွယ်ဆေးထိုးနှံပေးခြင်းလုပ်ငန်းကို မြို့နယ်ကာကွယ်ဆေးထိုးနှံရေး ကော်မတီ၏ လမ်းညွှန်မှုဖြင့် ကျန်းမာရေးဌာနနှင့် မြို့နယ်ဌာနဆိုင်ရာများမှ တာဝန်ရှိသူများ၊ အရပ်ဘက်လူမှုရေး အသင်းအဖွဲ့များ၏ ဝိုင်းဝန်းကူညီမှုဖြင့် ဆေးထိုးစုရပ် (၈) ခု ဖြင့်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ မြို့နယ်အတွင်း အထက်တန်းအဆင့်ကျောင်း(၉) ကျောင်း ၊ အလယ်တန်းအဆင့် ကျောင်း(၃၃) ကျောင်းများမှ ကျောင်းသားဦးရေ (၂၇၈၃) ဦးအား ကွင်းဆင်းထိုးနှံပေးသွားမည်ဖြစ်ကြောင်း သိရှိရသည်။
မိုးမိုးထွေး


