ကျိူက်မရော အောက်တိုဘာ ၁၂
ကျိုက်မရောမြို့နယ်တွင် ကိုဗစ် -၁၉ ရောဂါကူးစက်မှုနှုန်း လျော့နည်းကျဆင်းစေရန်နှင့် ဆက်လက် ထိန်းချုပ်နိုင်ရေးအတွက် အသက်၅၅ နှင့် အထက်ပြည်သူများနှင့် ဦးတည်အုပ်စုများအား စက်တင်ဘာ ၁၄ ရက်မှ စတင်ထိုးနှံပေးခဲရာ ပထမအကြိမ်ထိုးနှံပြီးသူ (၃၀၉၉၈)ဦးတို့အား ဒုတိယအကြိမ်အဖြစ် ပြန်လည်ထိုးနှံပေးခြင်းကို ယနေ့နံနက် ၉နာရီမှစတင်၍ သက်ဆိုင်ရာ ဆေးထိုးစုရပ်၈ ခုတို့၌ ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။
ကာကွယ်ဆေးထိုးနှံရာတွင် အသက် ၅၅နှစ်မှ ၆၄ နှစ်ထိပြည်သူများ၊ အသက် ၁၈ နှစ်ပြည့်ပြီးသူ လူငယ်များ၊ ဝန်ထမ်းမိသားစုများ၊ ပုဂ္ဂလိကဘဏ်များမှ ဝန်ထမ်းများ၊ စျေးဆိုင်ပိုင်ရှင်များ၊ နာတာရှည်ရောဂါဖြစ်နေသူများ၊ မသန်စွမ်းသူများအား သက်ဆိုင်ရာစုရပ်များအလိုက် ဒုတိယအကြိမ် ပြန်လည်ထိုးနှံပေးလျက်ရှိရာ အဆိုပါ ဆေးထိုးစုရပ်များသို့ မြို့နယ် ကိုဗစ်-၁၉ ရောဂါ ထိန်းချုပ်ရေးအဖွဲ့မှ တာဝန်ရှိသူများက လှည့်လည်စစ်ဆေးကြပ်မတ်ကာ ပြည်သူများ ဆေးထိုးနှံရာ၌ အခက်အခဲမရှိစေရေးနှင့် ကျန်းမာရေးဝန်ကြီးဌာနမှ ထုတ်ပြန်ထားသော စည်းကမ်းချက်များနှင့်အညီ စနစ်တကျ ထိုးနှံပေးရေးမှာကြားခဲ့ပြီး လိုအပ်သည်များကို ဖြည့်စွက်ဆောင်ရွက်ပေးခဲ့ကြကြောင်း သိရသည်။
ချိုမြတ်မြတ်ထွေး (ပြန်/ ဆက်)