နတ်မောက် အောက်တိုဘာ ၁၂
မကွေးတိုင်းဒေသကြီးနတ်မောက်မြို့ တမာပင်ရပ်ကွက်ရှိ ဝင်ငွေနည်းအိမ်ထောင်စုများအား အခြေခံ စားသောက်ကုန်များ ထောက်ပံ့လှူဒါန်းခြင်းအား ELGHTY THOUSAND ကျောက်မျက်ကုမ္ပဏီမိသားစုက အခြေခံစား သောက်ကုန်များဖြစ်သည့် ဆန်၊ ဆီများကို ယမန်နေ့က ထောက်ပံ့လှူဒါန်းပေးခဲ့သည်။
အဆိုပါထောက်ပံ့လှူဒါန်းပေးရာတွင် နတ်မောက်မြို့ ကြံ့နှစ်ကောင် ဘိလပ်မြေရောင်းဝယ်ရေးမိသားစုမှ ဆက်သွယ်မှုဖြင့် ELGHTY THOUSAND ကျောက်မျက်ကုမ္ပဏီမိသားစုက ထောက်ပံ့လှူဒါန်းသည့် ပစ္စည်းများကို အလှူရှင်များကိုယ်စား နတ်မောက်ကွန်ရက် ပရဟိတလူမှုအကျိုးပြုအဖွဲ့မှ တမာပင်ရပ်ကွက်ရှိ ဝင်ငွေ နည်းသည့်အိမ်ထောင်စု(၁၉)စုအား တစ်အိမ်ထောင်လျှင်ဆန်(၃)ပြည်၊ ဆီ(၁)ပိဿာတို့ကို တမာပင်ရပ်ကွက် အုပ်ချုပ်ရေးမှူးနှင့် နတ်မောက်ကွန်ရက် ပရဟိတလူမှုအကျိုးပြုအဖွဲ့တို့က လက်ဝယ်အရောက်လိုက်လံ ထောက်ပံ့လှူဒါန်းပေးခဲ့ကြောင်း သိရသည်။
မြို့နယ်ပြန်ဆက်