တန့်ယန်း အောက်တိုဘာ ၁၁
ရှမ်းပြည်နယ်မြောက်ပိုင်း၊ လားရှိုးခရိုင်၊ တန့်ယန်းမြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ၂၀၂၁-၂၀၂၂ခု ဘဏ္ဍာရေးနှစ် ပထမခြောက်လတွင် ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစီမံကိန်း(VDP)ဖြင့် ကျေးရွာ ဖွံ့ဖြိုးရေးလုပ်ငန်းများ အကောင်အထည်ဖော်ဆောင်ရွက်နိုင်ရေး ကျေးရွာရွေးချယ်ခြင်း အခမ်းအနားကို အောက်တိုဘာလ ၁၁ ရက်နေ့ ယနေ့နံနက် ၁၀ နာရီက အဆိုပါ ဦးစီးဌာနရုံး အစည်းအဝေးခန်းမ၌ ကိုဗစ်-၁၉ ညွှန်ကြားချက်နှင့်အညီ ကျင်းပခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ တန့်ယန်းမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးခိုင်မင်းထွန်းက အဖွင့်အမှာစကားပြောကြားကာ စီမံကိန်းဆိုင်ရာများကို ရှင်းလင်းတင်ပြပါသည်။
ထို့နောက်တက်ရောက်လာကြသော မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များနှင့် မြို့နယ်အဆင့် စီမံကိန်းရေးဆွဲရေးနှင့် အကောင်အထည်ဖော်ရေးကော်မတီဝင်များက တန့်ယန်းမြို့နယ်အတွင်း ၂၀၂၁-၂၀၂၂ခုဘဏ္ဍာရေးနှစ် ပထမ ခြောက်လတွင် ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစီမံကိန်း(VDP)ဆောင်ရွက်ရန် သတ်မှတ်စံနှုန်းများဖြင့် ကိုက်ညီသော နားဟင်ကျေးရွာနှင့် ပန်းပွဲကျေးရွာတို့ကို အတည်ပြုရွေးချယ်ခဲ့ကြကြောင်း သိရသည်။
သန်းလွင်(မကွေး)