လပွတ္တာ အောက်တိုဘာ ၁၂
ဧရာဝတီတိုင်းဒေသကြီး လပွတ္တာ ခရိုင်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ (၂၀၂၁-၂၀၂၂) ဘဏ္ဍာရေးနှစ် ပထမ ၆လအတွင်းဆောင်ရွက်မည့် လုပ်ငန်းများအတွက် တင်ဒါ ရှင်းလင်းပွဲအခမ်းအနားကို အောက်တိုဘာ ၁၂ရက် နံနက် ၉ နာရီခွဲက ခရိုင်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနရုံးခန်းမ၌ ကျင်းပခဲ့သည်။
အခမ်းအနားတွင် ခရိုင်ဦးစီးမှူး ဦးကျော်သူကိုကို မှ တင်ဒါလုပ်ငန်းစဉ်များနှင့် စည်းမျဉ်းစည်းကမ်းများအား ရှင်းလင်းပြောကြားခဲ့ပြီးနောက် အခမ်းအနားသို့ တက်ရောက်လာသော ဌာနဆိုင်ရာအကြီးအကဲများနှင့် ကုပ္မဏီများမှ တာဝန်ရှိသူများ၏ သိရှိလိုသည့် မေးမြန်းချက်များအပေါ် ခရိုင်ဦးစီးမှူး ပြန်လည်ဖြေကြားခဲ့ကြောင်းသိရသည်။
၂၀၂၁- ၂၀၂၂ခုဘဏ္ဍာရေးနှစ် ပထမ ၆လအတွင်း လပွတ္တာခရိုင်တွင်းရှိ မော်လမြိုင်ကျွန်းမြို့နယ်နှင့် လပွတ္တာမြို့နယ်တို့တွင် ကျေးလက်ရရှိရေးလုပ်ငန်း (၈)ခု၊ ကျေးရွာကုန်ထုတ်လမ်းခင်းခြင်းလုပ်ငန်း (၁)ခု၊ Box Culvert တည်ဆောက်ခြင်းလုပ်ငန်း (၄)ခု ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ခရိုင်းဦးစီးမှူးဦးကျော်သူကိုကိုထံမှ သိရသည်။
တေဇာလင်း