အထက်မင်းလှ အောက်တိုဘာ ၁၂
မကွေးတိုင်းဒေသကြီး ၊သရက်ခရိုင်၊ မင်းလှမြို့နယ်တွင် အသက် ၁၈ နှစ်အထက်ရှိပြည်သူများအား ကိုဗစ်-၁၉ ရောဂါဆေးထိုးနှံပေးခြင်းကို ယနေ့နံနက် ၉ နာရီက မင်းလှမြို့နယ်အတွင်းရှိ သတ်မှတ်ထားသည့် ဆေးထိုးစုရပ်များ၌ ဆက်လက်ထိုးနှံပေးလျက်ရှိရာ အောက်တိုဘာ၁၁ရက်အထိ ကာကွယ် ဆေးလာရောက်ထိုးနှံသူ ၃၃၉၅ ဦးရှိကြောင်း သိရသည်။
မင်းလှမြို့နယ်၌ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံပေးရာတွင် အသက် ၁၈ နှစ်အထက်ရှိသူများ၊ မသန်စွမ်းသူများနှင့် နာတာရှည်ရောဂါနှင့် မကူးစက်နိုင်သောရောဂါရှိသူများအပါအဝင် သတ်မှတ်ဦးစားပေး အလိုက် ကာကွယ်ဆေးထိုးနှံပေးခြင်းဖြစ်ပြီး မင်းလှမြို့နယ်အတွက် ကိုဗစ်၁၉-ရောဂါ ကာကွယ်ဆေးအလုံးရေ ၂၇၉၀ လုံးရရှိသဖြင့်ဆေးတစ်လုံးလျှင် လူငါးဦးထိုးနှံနိုင်ပြီး လူဦးရေ ၁၃၉၅၀ ဦးအားထိုးနှံပေးသွားမည် ဖြစ်သည်။
အဆိုပါ ကာကွယ်ဆေးထိုးနှံပေးရာတွင် မင်းလှမြို့နယ်အတွင်းရှိသတ်မှတ်ဆေးထိုးစုရပ်များ၌ ကျန်းမာရေးဝန်ကြီးဌာန၏ ကိုဗစ်-၁၉ ရောဂါကာကွယ်ရေးလမ်းညွှန်ချက်များနှင့်အညီ ကျန်းမာ ရေးဝန်ထမ်းများက ထိုးနှံပေးလျက်ရှိပြီး ၊ ရပ်ကွက်/ကျေးရွာ အုပ်ချုပ်ရေးမှူးများ ၊ စာရေးဝန်ထမ်းများက ပူးပေါင်းကူညီဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
ဇာဇာ(အထက်မင်းလှ)