ကျိုက်လတ် အောက်တိုဘာ ၁၂
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ကျိုက်လတ်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံးရှေ့ မြေစိုက်နံရံကပ်ပြဘုတ်တွင် အသက်၁၂ နှစ်နှင့်အထက် ကျောင်းနေအရွယ်ကလေးများကိုဗစ်-၁၉ရောဂါကာ ကွယ်ဆေးထိုးနှံရေးနှင့် ကိုဗစ်-၁၉ရောဂါ ကာကွယ်ရေး အသိပညာပေး နံရံကပ်စာစောင်ပြ အသိပညာပေးနံရံကပ် စာစောင်ပြသခြင်းကို ယနေ့ နံနက် ၁၀နာရီက ဆောင်ရွက်ပြသခဲ့ကြောင်း သိရသည်။
အဆိုပါ နံရံကပ်စာစောင်တွင် ကျောင်းနေအရွယ်ကလေးတိုင်း ကျန်းမာပျော်ရွှင်စွာ ပညာသင်ကြားနိုင်ဖို့ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးကြပါစို့ ဆောင်ပုဒ်ပါ လက်ကမ်းစာစောင်များ၊ ကိုဗစ်-၁၉ရောဂါ ကာကွယ်ရေး အသိပညာပေး စာစောင်များ၊ ကိုဗစ်-၁၉ ကာကွယ်ရေး အသိပညာပေးလှုပ်ရှားမှု မှတ်တမ်းဓါတ်ပုံများကို ခင်းကျင်းပြသထားရာ ပြည်သူများက စိတ်ပါဝင်စားစွာလေ့လာ ကြည့်ရှုခဲ့ကြောင်း သိရသည်။
ကျိုက်လတ်(ပြန်/ဆက်)