ဘားအံ အောက်တိုဘာ ၁၂

ကရင်ပြည်နယ် ၊ ဘားအံမြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများနှင့် ကိုယ်ပိုင်ကျောင်း ၊ ဘုန်းတော်ကြီးပညာသင်ကျောင်းတို့မှ အသက်(၁၂)နှစ်အထက် ကျောင်းသား ၊ ကျောင်းသူ(၁၀၃၆၀)ဦး တို့ကို ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ထိုးနှံပေးသွားမည်ဖြစ်ကြောင်း မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့မှ သိရသည်။

ကာကွယ်ဆေးထိုးနှံရာတွင် ဘားအံမြို့နယ်အတွင်းရှိ အခြေခံပညာအထက်တန်းကျောင်း ၊ အ-ထ-က(ခွဲ)ကျောင်း ၊ အ-လ-ကကျောင်း ၊ အ-လ-က(ခွဲ)ကျောင်း ၊ မူလွန်ကျောင်းများပါဝင်သည့် စုစုပေါင်း အခြေခံပညာကျောင်း(၁၄၀) ၊  ကိုယ်ပိုင်အထက်တန်းကျောင်း(၁)ကျောင်း ၊ ဘုန်းတော်ကြီးပညာသင် ကျောင်း(၁)ကျောင်း စုစုပေါင်း(၁၄၂)ကျောင်းမှ အသက်(၁၂)နှစ်အထက် ကျောင်းသားကျောင်းသူ (၁၀၃၆၀)ဦးတို့ကို ကာကွယ်ဆေးထိုးနှံပေးသွားမည်ဖြစ်ရာ ကာကွယ်ဆေးရရှိချိန်တွင် ကာကွယ်ဆေး ထိုးနှံနိုင်ရေးအတွက် ကာကွယ်ဆေးထိုးနှံရေးအဖွဲ့များ  ဖွဲ့စည်းထားရှိပြီး စုရပ်(၁၁)နေရာ ပြင်ဆင်ဆောင် ရွက်ထားရှိပြီးဖြစ်ကြောင်း ဘားအံမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ထံသိရှိရသည်။

ခရိုင်ပြန်/ဆက်