ကျောက်ဖြူ အောက်တိုဘာ ၁၂
ရခိုင်ပြည်နယ်၊ ကျောက်ဖြူမြို့ Youth Club အဖွဲ့ဝင် လူငယ်၊ လူရွယ်များအား အားကစားဘက် တွင် စိတ်ဝင်စားမှုရှိလာစေရန်၊ ကိုယ်လက်လှုပ်ရှားမှုဖြင့် ကျန်းမာကြံ့ခိုင်သော လူငယ်လူရွယ်များဖြစ် လာစေရန်နှင့် မြန့်မာ့လက်ရွေးစင်ပိုက်ကျော်ခြင်း ကစားသမားများဖြစ်လာစေရန် ရည်ရွယ်၍ ကျောက်ဖြူ ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှကြီးမှူးကာ ယနေ့၊ နံနက် ၈ နာရီက အဆိုပါဦးစီးဌာနရုံးရှေ့ကွင်းပြင်၌ ပိုက်ကျော်ခြင်းပြိုင်ပွဲကို ကျင်းပပြုလုပ်သည်။
ရှေးဦးစွာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ခရိုင်ဦးစီးမှူး ဒေါ်ခင်ယုယုနွယ်က ပြိုင်ပွဲဝင် အသင်းသားများအား ပိုက်ကျော်ခြင်းပြိုင်ပွဲ ပြုလုပ်ကျင်းပရခြင်းနှင့်ပတ်သက်၍ ရှင်းလင်းပြောကြားပြီးနောက် ပြိုင်ပွဲဝင်အသင်းများအား သတ်မှတ်အုပ်စုများခွဲပေးကာ ပထမနေ့တွင် စတင်ယှဉ်ပြိုင်ရမည့် အသင်းနှစ်သင်းကို မဲနှိုက်ရွေးချယ်ပေးခဲ့သည်။
အဆိုပါ ပိုက်ကျော်ခြင်းပြိုင်ပွဲတွင် ပြိုင်ပွဲဝင်အသင်းလေးသင်းတို့မှ ပါဝင်ယှဉ်ပြိုင်ကြမည်ဖြစ်ပြီး ပထမနေ့ပွဲစဉ်အနေဖြင့် အုပ်စု(က)မှ ရခိုင်သားအသင်းနှင့် အုပ်စု(ခ)မှ ရိုးမကျားအသင်းတို့ အကြိတ်အနယ်ယှဉ်ပြိုင်ခဲ့ကြရာ အုပ်စု(က)အသင်းမှ အုပ်စု(ခ)အသင်းကို သုံးပွဲပြတ်ဖြင့် အနိုင်ရသွားကြောင်း သိရ သည်။
တင်ထွန်းဦး(ပြန်/ဆက်)