မောင်တော  အောက်တိုဘာ  ၁၂

ရခိုင်ပြည်နယ် မောင်တောမြို့၌ မြို့မဈေးကြီးအား မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်နိုင်ရေးအတွက်   မြို့နယ် မီးသတ်ဦးစီးဌာန ၊ စည်ပင်သာယာရေးအဖွဲ့နှင့် ကရုဏာကွန်ရက်အဖွဲ့တို့ပူးပေါင်း၍ ယနေ့ နံနက် ၁၀ နာရီက မီးငြှိမ်းသတ်မှုများကို သရုပ်ပြသခဲ့ကြသည်။

ထိုသို့ ဆောင်ရွက်ရာတွင် မြို့နယ်မီးသတ်ဦးစီးဌာနမှ မြို့နယ်မီးသတ်ဦးစီးမှူး ဦးစီးအရာရှိ ထွန်းရွှေခိုင်က မီး လောင်မှု ဖြစ်ပွားပါက မီးငြိမ်းသတ်ဆေးဘူးဖြင့်  စနစ်တကျ  မီးငြှိမ်းသတ်မှုများကို ရှင်းလင်းပြောကြားပြီး မီးလောင်နေစဉ် မီးငြှိမ်းသတ်ရန် မီးသတ်ဆေးဘူးဖြင့် ဈေးသူ၊ ဈေးသားများအား လက်တွေ့သရုပ်ပြသကာ  ၊ ဈေးမီးလောင်မှုသဏ္ဍာန်တူ  လေ့ကျင့်ရာတွင် မတော်တဆ မီးလောင်မှုဖြစ်ပွားပါက သက်ဆိုင်ရာအား အကူအညီတောင်းခံခြင်း၊  မီးသတ်ယာဉ် ဖြင့် မြို့မဈေးကြီးအား  မီးသတ်ပိုက်ဖြင့် ငြှိမ်းသတ်ပြသခြင်း၊ မီးလောင်ပြင်မှ အရေးပေါ် လူနာများအား ကူညီကယ်ဆယ်ခြင်း၊ ကရုဏာကွန်ရက် လူမှုကူညီကယ်ဆယ်ရေး အဖွဲ့သားများက  လူနာများအား နီးစပ်ရာဆေးရုံသို့ ပို့ဆောင်ခြင်းတို့ကို ဇာတ်တိုက်လေ့ကျင့် ဆောင်ရွက်ခဲ့ကြသည်။

ယင်းနောက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဌ ဦးကံထွန်းအောင်၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များဖြစ်သော ဗိုလ်မှူး တင်ဝင်းထွဋ် နှင့် ဦးဦးခင်မောင် ၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှု ဦးစီးဌာန  မောင်တောခရိုင်ဦးစီးမှူးရုံးမှ  လက်ထောက်ညွန်ကြားရေးမှူး ဦးမောင်မောင်ကြီး ၊ မြို့နယ်မီးသတ်ဦးစီးမှူး ထွန်းရွှေခိုင်နှင့် တပ်ဖွဲ့ဝင်များ၊ စည်ပင် သာယာရေးအဖွဲ့ အမှုဆောင်အရာရှိ ဦးအေးသိန်းနှင့် အဖွဲ့ဝင်များ ၊ ဈေးကော်မတီဝင်များက  မြို့မဈေးကြီးအတွင်း မီးဘေးအန္တရာယ်ကြိုတင် ကာကွယ်ရေးအတွက် မီးသတ်ရေကန်များ၊ မီးသတ်ဆေးဘူးများထားရှိမှု အခြေအနေများအား လှည့်လည် ကြည့်ရူစစ်ဆေးခဲ့ကြပြီ ဈေးသူ၊ဈေးသားများအား မီးဘေးအသိပညာပေး လက်ကမ်းစာစောင်များကိုလည်း ဖြန့်ဝေခဲ့ကြကြောင်း သိရသည်။

သက်လွင်စိုး ခရိုင်(ပြန်/ဆက်)