ပုဗ္ဗသီရိ၊ အောက်တိုဘာ ၁၂
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ဥတ္တရခရိုင်၊ ပုဗ္ဗသီရိမြို့နယ် နဝဒေးရပ်ကွက်ရှိ အမှတ်(၂၀) အခြေခံ ပညာထက်တန်းကျောင်း၌ ပုဗ္ဗသီရိမြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများမှ အသက်(၁၂)နှစ်အထက် ကျောင်းသား၊ ကျောင်းသူများအား ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး (Sinovac) ပထမအကြိမ် စတင်ထိုးနှံပေးခြင်း ကို ယနေ့နံနက်(၉)နာရီမှ စ၍ ထိုးနှံပေးလျက်ရှိသည်။
အဆိုပါကာကွယ်ဆေးထိုးနှံခြင်းကို နေပြည်တော်ကောင်စီအဖွဲ့ဝင် ဦးမြင့်စိုး၊ ဥတ္တရခရိုင် စီမံအုပ်ချုပ်ရေး အဖွဲ့ ဥက္ကဌ ဦးကျော်သန်းလင်းနှင့် အဖွဲ့ဝင်များ၊ ပုဗ္ဗသီရိမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဌ ဦးစိန်ကြည်နှင့် အဖွဲ့ ဝင်များနှင့် တာဝန်ရှိသူများက ကျောင်းသား၊ ကျောင်းသူများအား ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး (Sinovac) ထိုးနှံနေမှုအခြေအနေများကို လိုက်လံကြည့်ရှုခဲ့ကြပြီး အားပေးစကားပြေားကြားခဲ့သည်။
ထို့နောက် မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာသိမ့်သိမ့်ထွေးနှင့် ကျန်းမာရေးဝန်ထမ်း များနှင့် တာဝန်ရှိသူများက ကာကွယ်ဆေးထိုးနှံရန်လာရောက်ကြသည့် ပြည်သူများအား သတ်မှတ်နေရာသို့ လိုက်ပါ ပို့ဆောင်ပေးခြင်း၊ လိုအပ်သည့်ကူညီမှုများ ဆောင်ရွက်ပေးခြင်း၊ စာရင်းမှတ်တမ်း ရေးသွင်း ကောက်ယူခြင်း၊ ကိုယ်အပူချိန် တိုင်းတာပေးခြင်း၊ အောက်ဆီဂျင်တိုင်းတာပေးခြင်းနှင့် သွေးပေါင်ချိန်တိုင်းတာ ပေးခြင်းတို့ကို စနစ်တကျ ဆောင်ရွက်ပေးခဲ့ပြီး ကိုဗစ်-၁၉ စည်းကမ်းသတ်မှတ်ချက်များနှင့်အညီ ကာကွယ်ဆေး ထိုးနှံပေးခဲ့သည်။
ပုဗ္ဗသီရိမြို့နယ်အနေဖြင့် ကာကွယ်ဆေးထိုးမယ့်အခြေခံပညာကျောင်းပေါင်း(၅၉)ကျောင်း၊ ကိုယ်ပိုင် ကျောင်း (၉)ကျောင်းနဲ့ ဘကကျောင်း(၅)ကျောင်း စုစုပေါင်း(၇၃)ကျောင်းမှ အသက်(၁၂)နှစ် အထက်ကျောင်းသား ကျောင်းသူစုစုပေါင်း(၈၈၈၀) ကို ကာကွယ်ဆေးထိုးနှံပေးမှာဖြစ်ပါပြီး ယနေ့တွင် အသက်(၁၂)နှစ် အထက် ကျောင်းသား ကျောင်းသူစုစုပေါင်း(၁၀၀) ကို ထိုးနှံပေးခဲ့ကြောင်းသိရသည်။
မျိုးသီဟ(ပြန်/ဆက်)