မနီလာ အောက်တိုဘာ ၁၃
ဖိလစ်ပိုင်နိုင်ငံတွင် ပြင်းထန်သည့် အပူပိုင်းမုန်တိုင်း ခွန်ဆူ တိုက်ခတ်မှုကြောင့် ရေကြီးမြေပြိုမှုများ ဖြစ်ပေါ်ပြီး ကိုးဦးသေဆုံးကာ ၁၁ ဦး ပျောက်ဆုံးနေဆဲဖြစ် သည်ဟုအစိုးရက အောက်တိုဘာ ၁၂ ရက်တွင် ပြောသည်။
သဘာဝ ဘေးအန္တရာယ် လျှော့ချရေးနှင့် စီမံခန့်ခွဲမှုကောင်စီ၏ ပြောကြားချက်အရ သေဆုံးသူများမှာ ဖိလစ်ပိုင်နိုင်ငံ မြောက်ပိုင်း ပြည်နယ်နှင့် လူဇုန်ကျွန်းတွင် တည်ရှိသည့် ပါလဝန်ကျွန်းမှ ဒေသခံများဖြစ်ကြကြောင်း သိရသည်။
ဒဏ်ရာရရှိသူနှစ်ဦးရှိခဲ့သည်။ မုန်တိုင်းကြောင့် နေရာ ၁၅ နေရာတွင် ရေကြီးမှုဖြစ်ပေါ်ခဲ့ပြီး ဒေသလေးခုတွင် မြေပြိုမှု ဖြစ်ပွားခဲ့သည်။
လမ်းများ၊ တံတားများ ပျက်စီးခဲ့ရသည်။ လူဇုန်ကျွန်းရှိ လူပေါင်း ၁၆၀၀ မှာလည်း ဘေးလွတ်ရာသို့ ရွှေ့ပြောင်းခဲ့ရသည်။ ဖိလစ်ပိုင်မြောက်ပိုင်းဒေသတွင် မိုးသည်းထန်စွာ ရွာသွန်းပြီး ရေကြီးမှုနှင့် မြေပြိုမှုများဖြစ်ပေါ် လာနိုင်သည်ဟုလည်း ဖိလစ်ပိုင် လေထု၊ မိုးလေဝသနှင့် နက္ခတ္တ ဗေဒ ဝန်ဆောင်မှုစီမံခန့်ခွဲမှုက သတိပေးထားသည်။
တိုက်ဖွန်းနှင့် အပူပိုင်းမုန်တိုင်း များမှာ ဖိလစ်ပိုင်သို့ ဝင်ရောက် လေ့ရှိပြီး လူ့အသက်ပေါင်းများစွာ ဆုံးရှုံးစေခဲ့ပြီး ဒေါ်လာပေါင်း ဘီလီယံနှင့်ချီ၍ ပျက်စီးဆုံးရှုံးမှု ဖြစ်ပေါ်စေခဲ့သည်။
ဆင်ဟွာ