ရွှေသောင်ယံ  အောက်တိုဘာ ၁၃

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ရွှေသောင်ယံမြို့ရှိ ဟိုတယ်ဝန်ထမ်းများအား ကိုဗစ်-၁၉ ရောဂါ ကူးစက်ပြန့်ပွားမှု ထိန်းချုပ်နိုင်ရေးအတွက် ယမန်နေ့ နံနက် ၁၀ နာရီခွဲက ရွှေသောင်ယံ တိုက်နယ်ဆေးရုံဝန်းအတွင်းရှိ ကိုဗစ်-၁၉ ရောဂါ စစ်ဆေးရေးစင်တာ၌ RDT- Test ဖြင့် စစ်ဆေးပေးကြောင်း သိရသည်။

ထိုသို့ စစ်ဆေးရာတွင် ရွှေသောင်ယံကမ်းခြေရှိ Lai Lai Hotle၊ ဟိုတယ် ရွှေသောင်ယံနှင့် D&W ဟိုတယ်( ၃) လုံးတို့မှ ဝန်ထမ်း (၆၉)ဦးတို့ကို စစ်ဆေခဲ့ရာ ဝန်ထမ်းအားလုံး ကိုဗစ်-၁၉ရောဂါပိုးကင်းစင်ကြောင်း ရွှေသောင်ယံမြို့ တိုက်နယ်ဆေးရုံ တာဝန်ခံထံမှသိရသည်။

မေကြည် (ပြန်/ဆက်)