နယူးဒေလီ အောက်တိုဘာ ၁၄

 

အိန္ဒိယနိုင်ငံ၌ လွန်ခဲ့သည့်တစ်ရက်အတွင်း ကိုဗစ်၁၉ ရောဂါကူးစက်ခံရသူ ၁၅၈၂၃ ဦးရှိခြင်းကြောင့် ကိုဗစ်-၁၉ ရောဂါကူးစက်ခံရသူ စုစုပေါင်း ၃၄၀၀၁၇၄၃ ဦးရှိလာကြောင်း အိန္ဒိယကျန်းမာရေး ဝန်ကြီးဌာန၏ အချက်အလက်များအရ သိရသည်။

 

ထို့ပြင် အိန္ဒိယနိုင်ငံ၌ လွန်ခဲ့သည့်တစ်ရက် အတွင်း ကိုဗစ်-၁၉ ရောဂါကြောင့် သေဆုံးသူ ၂၂၆ ဦး ထပ်တိုးလာခြင်းကြောင့် ကိုဗစ်-၁၉ ရောဂါကြောင့် သေဆုံးသူစုစုပေါင်း ၄၅၁၁၈၉ ဦးရှိလာကြောင်း သိရသည်။

 

အိန္ဒိယနိုင်ငံ၌ ကိုဗစ်-၁၉ ရောဂါကူးစက်မှုနှင့် ကိုဗစ်-၁၉ ရောဂါကြောင့် သေဆုံးမှုအများဆုံးမှာ ကီရာလာပြည်နယ် တောင်ပိုင်းဖြစ်ကြောင်းနှင့် ကီရာလာပြည်နယ်၌ လွန်ခဲ့သည့်တစ်ရက်အတွင်း ကိုဗစ်-၁၉ ရောဂါကြောင့် ၁၀၆ ဦး သေဆုံးခဲ့ကြောင်း သိရသည်။

 

အိန္ဒိယနိုင်ငံ၌ လက်ရှိတွင် ကိုဗစ်-၁၉ ရောဂါ ပိုးတွေ့ရှိဆဲလူနာစုစုပေါင်း ၂၀၇၆၅၃ ဦးရှိကြောင်း အိန္ဒိယကျန်းမာရေးဝန်ကြီးဌာနက ပြောကြားသည်။ အိန္ဒိယနိုင်ငံ၌ လွန်ခဲ့သည့်တစ်ရက်အတွင်း ကိုဗစ်၁၉ ရောဂါမှ ပြန်လည်ကျန်းမာလာသဖြင့် ဆေးရုံ အသီးသီးမှ ဆင်းခွင့်ရရှိသူ ၂၂၈၄၄ ဦးရှိခြင်းကြောင့် ကိုဗစ်-၁၉ ရောဂါမှ ပြန်လည် ကျန်းမာလာသူစုစုပေါင်း ၃၃၃၄၂၉၀၁ ဦးရှိလာကြောင်း အိန္ဒိယကျန်းမာရေး ဝန်ကြီးဌာနက ပြောကြားသည်။

ကိုးကား - ဆင်ဟွာ

ဘာသာပြန် - အလင်းသစ်