ဂျကာတာ အောက်တိုဘာ ၁၄
အင်ဒိုနီးရှားနိုင်ငံ၌ ယနေ့တွင် ကိုဗစ်-၁၉ ရောဂါ ကူးစက်ခံရသူ ၁၂၃၃ ဦး တွေ့ရှိခဲ့သဖြင့် နိုင်ငံအတွင်း ကိုဗစ်-၁၉ ရောဂါ ကူးစက်ခံရသူပေါင်း ၄၂၃၁၀၄၆ ဦး ရှိလာကြောင်း ကျန်းမာရေးဝန်ကြီးဌာနက ပြောကြားသည်။
ထို့ပြင် ကိုဗစ်-၁၉ ရောဂါကြောင့် ၄၈ ဦး ထပ်မံသေဆုံးသဖြင့် နိုင်ငံအတွင်း ကိုဗစ်-၁၉ ရောဂါကြောင့် သေဆုံးသူပေါင်း ၁၄၂၈၁၁ ဦး ရှိလာသည်။ ၂၂၅၉ ဦးမှာ ကိုဗစ်-၁၉ ရောဂါမှ ပြန်လည်သက်သာလာသဖြင့် နိုင်ငံအတွင်း ကိုဗစ်-၁၉ ရောဂါမှ ပြန်လည်သက်သာလာသူပေါင်း ၄၀၆၇၆၈၄ ဦး ရှိလာကြောင်း ကျန်းမာရေးဝန်ကြီးဌာနက ပြောကြားသည်
နိုင်ငံအတွင်း ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးတစ်ကြိမ်ထိုးနှံပြီးသူပေါင်း ၁၀၂ ဒသမ ၆၈ သန်းရှိပြီး ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး နှစ်ကြိမ်ထိုးနှံပြီးသူပေါင်း ၅၉ ဒသမ ၄၁ သန်း ရှိကြောင်း သိရသည်။ အင်ဒိုနီးရှားအစိုးရသည် နိုင်ငံသား ၂၀၈ ဒသမ ၂ သန်းအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံပေးရန် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
ကိုးကား - ဆင်ဟွာ
ဘာသာပြန်- စိုးသူရ