ဝါရှင်တန် အောက်တိုဘာ ၁၄

 

အမေရိကန်ကာကွယ်ရေး ဝန်ကြီးဌာနက အမေရိကန်၊ အိန္ဒိယနှင့် ဩစတြေးလျ ရေတပ်များသည် ဂျပန်ပင်လယ်ရေကြောင်း ကိုယ်ပိုင် ကာကွယ်ရေးတပ်ဖွဲ့များနှင့် ပူးတွဲစစ်ရေးလေ့ကျင့်မှုများ စတင်လုပ်ဆောင်နေပြီ ဖြစ်ကြောင်း ပြောကြားလိုက်သည်။

 

အဆိုပါ ပူးတွဲစစ်ရေးလေ့ကျင့်မှုသည် ၎င်းတို့၏ လုံခြုံရေး ပူးပေါင်းဆောင်ရွက်မှုကို ခိုင်မာ စေရန် ရည်ရွယ်သည်။

 

ရေကြောင်း ပူးပေါင်းဆောင် ရွက်ခြင်းနှင့် စစ်လက်နက်ပစ္စည်းများ စုစည်းလုပ်ဆောင်နိုင်စေရန် ရည်ရွယ်ချက်ဖြင့် ၂၀၂၁ မာလာ ဘာ လေ့ကျင့်မှု၏ အစိတ်အပိုင်း တစ်ခုအဖြစ် ဘက်ပေါင်းစုံ လေ့ကျင့်မှုများကို ပြုလုပ်ခဲ့ခြင်း ဖြစ်ကြောင်း ပင်တဂွန် ပြန်ကြားရေးတာဝန်ခံ ဂျွန်ကာဘီက သတင်းထောက်များကို အောက်တိုဘာ ၁၂ ရက်က ပြောကြား လိုက်သည်။

 

ကာဘီက အမေရိကန် ပြည်ထောင်စုသည် သက်ဆိုင်ရာ နိုင်ငံများကြား ရင်းနှီးမှုများ ပိုမို ခိုင်မာစေရန် မျှော်လင့်လျက် ရှိသည်။

 

လွန်ခဲ့သောလက ဝါရှင်တန် တွင် ကွဒ်မဟာမိတ်အစည်းအဝေး ပြီးနောက် ယခုလို လေးပွင့်ဆိုင် လုံခြုံရေးမဟာမိတ် နိုင်ငံများ၏ ပူးတွဲစစ်ရေးလေ့ကျင့်မှု ဖြစ်ပေါ် လာခြင်းဖြစ်သည်။

 

အဆိုပါ ပူးတွဲစစ်ရေးလေ့ကျင့် မှုကို အိန္ဒိယကမ်းလွန်တွင် ပြုလုပ် ခဲ့သည်။

အင်န်အိတ်ချ်ကေ