နတ်မောက် အောက်တိုဘာ  ၁၄

 

မကွေးတိုင်ဒေသကြီး နတ်မောက်မြို့နယ်တွင် အောက်တိုဘာလအတွင်း မိုးဆက်တိုက်ရွာသွန်းမှုကြောင့် နတ်မောက် ရေလှောင်တမံတွင် မိုးရေဝင်ရောက်မှုတိုးလာသဖြင့် ယနေ့နံနက် (၆)နာရီအချိန် တိုင်းထွာချက်အရ ရေပိုလွဲမှ ၁ ပေ ခန့် ဆက်လက်ရေကျော်ကျလျက်ရှိကြောင်း အဆိုပါ နတ်မောက်ရေလှောင်တမံမှ တာဝန်ခံထံက သိရသည်။ 

 

 နတ်မောက်မြို့နယ်ရှိ နတ်မောက်ရေလှောင်တမံသည် အောက်တိုဘာလ (၁၃) ရက်နေ့တွင် တမံရေပြည့် အမှတ် ၆၈၃ ပေ၊ လက်ရှိရေအမှတ် ၆၈၄ ပေ ရှိ၍ ၁ ပေခန့် ရေပိုလွှဲမှရေကျော်ကျလျက်ရှိခဲ့ပြီး ယနေ့နံနက် (၆)နာရီ တိုင်းထွာချက်အရ လက်ရှိရေအမှတ် ၆၈၄ ပေ ရှိပြီး ၁ ပေခန့် ရေပိုလွှဲမှဆက်လက်ရေကျော်ကျ လျက်ရှိကြောင်း သိရသည်။

 

 နတ်မောက်ရေလှောင်တမံရေပိုလွဲမှရေကျော်ကျမှု ရှိနေသော်လည်း တမံအတွင်းရေဝင်ရောက်မှု အခြေအနေနဲ့ တမံရေပိုလွှဲမှရေကျော်ကျမှုအခြေအနေများကို တမံအောက်ဘက်ရှိဒေသခံပြည်သူများ သိရှိအောင်ဆောင်ရွက် ထားကြောင်း၊ မျက်မြင်စစ်ဆေးမှုအခြေအနေများအရ တမံနှင့်တမံဆက်စပ်ရေအား အဆောက်အအုံများအားလုံး ကြံ့ခိုင်ကောင်းမွန်ကြောင်း၊ ဝန်ထမ်းများကိုလည်း  ရေကင်းဂျူတီချကာ (၂၄) နာရီပတ်လုံး စောင့်ကြပ်ကြည့်ရှု လျက်ရှိပြီး တာဝန်ရှိသူအဆင့်ဆင့်မှလည်းအချိန်နဲ့တပြေးညီကြီးကြပ် ဆောင်ရွက်လျက်ရှိကြောင်းဆည်မြောင်း နှင့်ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာနမှ  တာဝန်ခံဦးထိန်လင်း ထံမှ သိရသည်။

 

နတ်မောက်ပြန်/ဆက်