ရမ်းဗြဲ အောက်တိုဘာ ၁၄
ရမ်းဗြဲမြို့နယ် ကျေးလက်ဒေသ ဖွံဖြိုးရေးဦးစီးဌာနမှ မြစိမ်းရောင်စီမံကိန်းကျေးရွာများအတွက် စီမံကိန်းရန်ပုံငွေများ ထုတ်ချေးပေးခြင်းကို ယနေ့ နံနက်ပိုင်းက မြို့နယ်ကျေးလက်ဦးစီးဌာနရုံးအစည်းအဝေးခန်းမ၌ ပြန်လည်ထုတ်ချေးပေးခဲ့သည်။
ထိုကဲ့သို့ထုတ်ချေးပေးရာတွင် ပုန်းဆိုးပြိန်ကျေးရွာမှ အသင်းသား(၁၃၄)ဦးအား ထုတ်ချေးငွေကျပ် (၅၀၉)သိန်း အားလည်းကောင်း၊ သစ်ပုတ်တောင်ကျေးရွာမှ အသင်းသား(၂၁၂)ဦးအား ထုတ်ချေးငွေကျပ် (၃၇၅)သိန်း အားလည်းကောင်း၊ လက်ပန်အဝကျေးရွာမှ အသင်းသား(၁၉၈)ဦးအား ထုတ်ချေးငွေကျပ် ၄၅၉ ဒသမ ၅ သိန်း အားလည်းကောင်း၊ သလူပြိန်ကျေးရွာ အသင်းသား(၁၁၂)ဦးအား ထုတ်ချေးငွေကျပ် (၄၆၄)သိန်း အားလည်းကောင်း၊ သပြေကျွန်းကျေးရွာ အသင်းသား(၁၀၉)ဦးအား ထုတ်ချေးငွေကျပ်(၃၉၁)သိန်း တို့အား ထုတ်ချေးပေးခဲ့ ကြောင်းသိရသည်။
မြစိမ်းရောင်စိမံကိန်းတွင် ချေးငွေထုတ်ချေးမှုများအား ကျေးရွာတစ်ရွာချင်းအလိုက် အသင်းသားများမှ စိုက်ပျိုးရေး၊ မွေးမြူရေး၊ ရေလုပ်ငန်း၊ အသက်မွေးဝမ်းကျောင်း၊ အရောင်းအဝယ်စသော လုပ်ငန်းများကို ဆောင်ရွက်ကြမည့်ဖြစ်ကြောင်း သိရသည်။
တင်ထွန်း(ပြန်/ဆက်)