ပြည် အောက်တိုဘာ ၁၄
ပဲခူးတိုင်းဒေသကြီး ပြည်ခရိုင် ပြည်မြို့နယ် (ဇီးအုပ်) တောင်သူအသိပညာပေး ရှေ့တန်း စခန်း၌ မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ တာဝန်ရှိသူများက မြို့နယ်အတွင်းရှိ ကျေးရွာအုပ်စု ၅၅ အုပ်စုမှ တောင်သူ၅၅ဦးအား မြေတွင်းအာဟာရဓာတ်ချို့တဲ့မှုများ ဓာတ်ခွဲစစ်ဆေးခြင်းနှင့် မြေနမူနာယူနည်းဆိုင်ရာ နည်းပညာရပ်များကို အောက်တိုဘာ ၁၂ရက်မှ ၁၃ရက်နေ့အထိ စာတွေ့လက်တွေ့ (၂)ရက်ကြာ သင်တန်းဖွင့်လှစ်ပို့ချပေးခဲ့ကြောင်း သိရသည်။
အဆိုပါသင်တန်းကို အောက်တိုဘာ ၁၂ရက် နံနက်ပိုင်းက စတင်ဖွင့်လှစ်ခဲ့ပြီး သင်တန်း တက်ရောက်သည့် တောင်သူများအနေဖြင့် ဓာတ်ခွဲစစ်ဆေးရန မြေနမူနာယူနည်းကို တတ်ကျွမ်း သိရှိနားလည်ပြီး ၎င်းတို့၏ ကျေးရွာများတွင် သီအိုရီ လက်ဆင့်ကမ်း ပြန်လည်မျှဝေပေးနိုင်မှာဖြစ်ကြောင်းနှင့် မိမိတို့စိုက်ပျိုးမြေများတွင် မည်သည့်အာဟာရ ချို့တဲ့နေသည်ကိုသိရှိပြီး လိုအပ်ချက်များကို ကိုယ်တိုင်လုပ်ဆောင်နိုင်တဲ့ အကျိုးကျေးဇူးများ ရရှိလာမှာဖြစ်ကြောင်း မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှူးက ပြောကြားသည်။
ကိုဆက်