သိန္နီ    အောက်တိုဘာ   ၁၄

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ လားရှိုးခရိုင်၊ သိန္နီမြို့နယ်၌ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ဦးစားပေးအုပ်စုတွင် ပါဝင်သူများနှင့် အသက်(၄၅)နှစ်နှင့်အထက် ရှိသူများအား ပထမအကြိမ် (တတိယအသုတ်) အဖြစ် ယနေ့နံနက်  ၈ နာရီက သာသနာ့ဗိမာန်တွင် သတ်မှတ်ရက်များအလိုက် ကာကွယ်ဆေး ထိုးနှံပေးလျက်ရှိသည်။

သိန္နီမြို့နယ်၌ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးအား သတ်မှတ်စုရပ်နေရာအသီးသီး၌ ထိုးနှံပေးလျက်ရှိရာ အကြောင်းအမျိုးမျိုးကြောင့် ကျန်ရှိနေသူများကို တတိယအသုတ် ပထမအကြိမ် ဦးစားပေးအုပ်စုအလိုက် မြို့ ပေါ်ရပ်ကွက်များအား ဆက်လက်ထိုးနှံပေးလျက်ရှိသည်။

သိန္နီမြို့နယ်အနေဖြင့်ကိုဗစ်-၁၉ရောဂါကာကွယ်ဆေး (Sinopharm) အလုံးရေ (၅၇၃)လုံးရရှိကာ ကာကွယ်ဆေးတစ်လုံးကို လူငါးဦးထိုးနှံပေးလျက်ရှိကြောင်း မြို့နယ်ကျန်းမာရေးဌာနမှ တာဝန်ရှိသူထံ သိရှိရသည်။

မြို့နယ်(ပြန်/ဆက်)