မယ်စဲ့   အောက်တိုဘာ  ၁၄

 

ကယားပြည်နယ်၊ ဘောလခဲခရိုင်၊ မယ်စဲ့မြို့နယ်တွင် သံသယလူနာ ၂၃ ဦးအား ယနေ့နံနက် ၉ နာရီက မြို့နယ်ပြည်သူ့ဆေးရုံ၌ RDT Tesk Kit ဖြင့် စစ်ဆေးပေးခဲ့ရာ အမျိုးသား ၁ ဦး၊ အမျိုးသမီး ၂ ဦး၊ စုစုပေါင်း ၃ ဦးတို့တွင် ကိုဗစ်၁၉ ရောဂါပိုး တွေ့ရှိကြောင်း သိရသည်။

 

အဆိုပါ ပိုးတွေ့လူနာများအား အထက(မယ်စဲ့) ကုသရေးစင်တာသို့ မယ်စဲ့ဂရုဏာရှင် လူမှုကူညီရေးအသင်းမှ ပို့ဆောင်ပေးခဲ့ပြီး မယ်စဲ့မြို့နယ်တွင် ယနေ့အထိ ကိုဗစ်-၁၉ အတည်ပြု လူနာ စုစုပေါင်း ၁၈၉ ဦး၊ ဆေးရုံမှ ဆင်းခွင့်ရရှိသူ ၁၄၂ ဦးရှိပြီဖြစ်ကြောင်း မြို့နယ်ကိုဗစ်-၁၉ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီထံမှ သိရသည်။

 

ဝတ်ရည်(ပြန်/ဆက်)