တပ်ကုန်း         အောက်တိုဘာ        ၁၄

 

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော် တပ်ကုန်းမြို့နယ် အားကစားနှင့်ကာယပညာဦးစီးဌာန၊ အားကစားကွင်း အတွင်း၌ (A)အဆင့်ရှိ အားကစားရုံတည်ဆောက်နေမှုအား နေပြည်တော်ကောင်စီအဖွဲ့ဝင် ဦးမြင့်စိုးနှင့် အဖွဲ့ဝင်များက ယနေ့ မွန်းလွဲ ၂ နာရီခွဲက  ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။

 

ထိုသို့ကြည့်ရှုစစ်ဆေးရာတွင် နေပြည်တော်ကောင်စီအဖွဲ့ဝင် ဦးမြင့်စိုးက (A)အဆင့်ရှိ အလျား(၁၂၀)ပေ၊ အနံ(၉၀)ပေ၊  အားကစားရုံတည်ဆောက်ရေးလုပ်ငန်းများ ဆောင်ရွက်ရာတွင် သတ်မှတ်စံချိန်စံညွှန်းနှင့်အညီ သတ်မှတ်ကာလအတွင်း လုပ်ငန်းများအချိန်မီပြီးစီးအောင် တည်ဆောက်သွားရန်နှင့် Ground Tennis အားကစားကွင်းအား  သတ်မှတ်စံချိန်စံညွှန်းများနှင့်အညီ ဆောင်ရွက်ရန်၊ ပြည်သူ့အားကစားကွင်းအား  အဆင့်မီ အားကစားကွင်းဖြစ်ရန်အတွက် လိုအပ်သည်များ ကြိုတင်ပြင်ဆင်ဆောင်ရွက်သွားရန် ဆွေးနွေး မှာကြားခဲ့သည်။

 

အဆိုပါ(A)အဆင့်ရှိ အားကစားရုံတည်ဆောက်ပြီးစီးပါက ဒေသခံပြည်သူများအနေဖြင့် ဘောလီဘော၊ ပိုက်ကျော်ခြင်း၊ ကြက်တောင်၊ စားပွဲတင်တင်းနစ်၊ စစ်တုရင်၊ တိုက်ကွမ်တိုနှင့် စသည့်အားကစားနည်းများကို လေ့ကျင့်ရေးနှင့် ပြိုင်ပွဲများ စဉ်ဆက်မပြတ် ဆောင်ရွက်သွားနိုင်မည်ဖြစ်ကြောင်း မြို့နယ် အားကစားနှင့် ကာယပညာ ဦးစီးဌာနမှ သိရသည်။

တင်စိုးလွင်(ပြန်/ဆက်)