အမာ     အောက်တိုဘာ     ၁၅

 

ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ အမာမြို့၌ ၂၀၂၀-၂၀၂၁ ဘဏ္ဍာနှစ် တိုင်းဒေသကြီး ရန်ပုံငွေဖြင့် ဆောင်ရွက်သည့် 11kVဓာတ်အားလိုင်း ပေ(၄၇၀၀) တည်ဆောက်ပြီးဖြစ်၍ 0.4/11kV 750KVA ထရန်စဖော်မာ ၁လုံးနှင့် 11/0.4kV 160KVA ထရန်ဖော်မာ ၂လုံးတပ်ဆင်ခြင်းလုပ်ငန်းများကို ဆောင်ရွက်လျက်ရှိ​ကြောင်း သိရသည်။

 

လုပ်ငန်းများဆောင်ရွက်ရာတွင် တင်ဒါအောင် ကုမ္ပဏီမှ လာရောက်ဆောင်ရွက်ခြင်းဖြစ်ပြီး 160KVA ထရန်ဖော်မာ (၂)လုံးကို မြို့မ (၁)ရပ်ကွက်နှင့် မြို့မ(၃)ရပ်ကွက်တို့တွင် တပ်ဆင်ထားပြီး ဓာတ်အားစနစ် ပိုမိုကောင်းမွန်လာစေမှာဖြစ်ကြောင်း သိရသည်။

 

ယခုကဲ့သို့ လုပ်ငန်းများဆောင်ရွက်ရခြင်းမှာ ပြည်သူများ လျှပ်စစ်မီးသုံးစွဲရာတွင် ဗို့အားပြည့်ဝစွာ အသုံးပြုနိုင်မည်ဖြစ်ပြီး System ဓာတ်အားလိုင်းရောက်ရှိပါက အရန်သင့်ချိတ်ဆက်အသုံးပြုနိုင်ရန် ရည်ရွယ်တည်ဆောက်ခြင်းဖြစ်ကြောင်း အမာမြို့ ၊ လျှပ်စစစ်ဓာတ်အားဖြန့်ဖြူးရေးလုပ်ငန်း ၊ လျှပ်စစ်ဦးစီးမှူးထံမှ သိရသည်။

 

အမာ (ပြန်/ဆက်)