နယူးဒေလီ အောက်တိုဘာ ၁၅
အိန္ဒိယနိုင်ငံ၌ လွန်ခဲ့သော ၂၄ နာရီအတွင်းကိုဗစ်-၁၉ ရောဂါ ကူးစက်ခံရသူ ၁၈၉၈၇ ဦး ထပ်မံစစ်ဆေးတွေ့ရှိခဲ့ရာ နိုင်ငံအတွင်း၌ ဗိုင်းရပ်စ် ကူးစက်ခံရသူပေါင်း ၃၄၀၂၀၇၃၀ အထိ မြင့်တက်လာကြောင်း အိန္ဒိယ ကျန်းမာရေး ဝန်ကြီးဌာန၏ နောက်ဆုံးရကိန်းဂဏန်းများအရ သိရသည်။
အလားတူ လွန်ခဲ့သော ၂၄ နာရီအတွင်း ကိုဗစ်-၁၉ ရာဂါကြောင့် ၂၄၆ ဦး ထပ်မံသေဆုံးခဲ့ရာ နိုင်ငံအတွင်း၌ အဆိုပါ ရောဂါကြောင့် သေဆုံးသူပေါင်း ၄၅၁၄၃၅ ဦး ရှိလာသည်။
ထပ်မံသေဆုံးသူများအနက် ၁၂၃ ဦးသည် ကီရာလာပြည်နယ် မှဖြစ်ပြီး ၄၉ ဦးသည် မဟာရတ်ရှ် ထရာပြည်နယ်မှ ဖြစ်သည်။
လက်ရှိအချိန်အထိ ပိုးတွေ့ ဆဲလူနာ ၂၀၆၅၈၆ ဦး ရှိကြောင်း သိရသည်။ သို့သော် လွန်ခဲ့သော ၂၄ နာရီ အတွင်း ကိုဗစ်-၁၉ လူနာ ၁၉၈၀၈ ဦး ရောဂါမှ ပြန်လည်ကျန်းမာ လာသည့်အတွက် ဆေးရုံများမှ ပြန်လည် ဆင်းသွားခဲ့ရာ ကျန်းမာရေး အခြေအနေ ပြန်လည် ကောင်းမွန်လာသူပေါင်း ၃၃၃၆၂၇၀၉ ဦး ရှိကြောင်း သိရသည်။
ကိုးကား- ဆင်ဟွာ
ဘာသာပြန် - အောင်ကျော်ကျော်