ဟင်္သာတ ၊ အောက်တိုဘာ ၁၅

ဧရာဝတီတိုင်းဒေသကြီး၊  ဟင်္သာတခရိုင်၊  ဟင်္သာတမြို့နယ်တွင် ကျောင်းနေအရွယ် ကလေး တိုင်း  ကျန်းမာပျော်ရွှင်စွာ ပညာသင်ကြားနိုင်ဖို့ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ထိုးကြပါစို့ဟူသော ဆောင်ပုဒ် နှင့်အညီ ကာကွယ်ဆေးထိုးလုပ်ငန်းများ ဆောင်ရွက်ရန်  မြို့ပေါ်ရှိကျောင်းများအတွက် စုရပ် တစ်ခုဖြစ်သောဟင်္သာတမြို့ အထက ()ကျောင်း ဟင်္သာခန်းမတွင် ကြိုတင်ပြင်ဆင် ဆောင်ရွက် ထားရှိမူများကို ယမန်နေ့ မွန်းလွဲ ၃ နာရီက တာဝန်ရှိသူများက ကြည့်ရူစစ်ဆေးခဲ့သည်။
             

အဆိုပါ ကြိုတင်ပြင်ဆင် ထားမူများကို ခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ခရိုင်အုပ်ချုပ်ရေးမှူး ဦးမြင့် သန်းဝင်း၊  အဖွဲ့ဝင်()ဒုတိယဗိုလ်မှူးကြီးနေလင်းအောင် ၊  မြို့နယ်ပြည်သူ့ကျန်းမာရေးဌာနမှ ဒေါက်တာညီညီလွင် နှင့် ပညာရေးဌာနမှ တာဝန်ရှိသူများက အသက် ၁၂ နှစ်နှင့်အထက် ကျောင်းသား ကျောင်းသူများကို ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးရန် ပြင်ဆင်ဆောင်ရွက် ထားရှိမူများကို ကြည့်ရူစစ်ဆေးပြီး မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးဆန်းလွင်နှင့်ကော်မတီဝင်များက တင်ပြသည့် လိုအပ်ချက်များကို ပေါင်းစပ် ညှိနှိုင်း ဖြည့်ဆည်းပေးခဲ့သည်။


ဟင်္သာတမြို့နယ်တွင်     ဆေးထိုးရန် လျာထားသော အသက် ၁၂ နှစ်နှင့် အထက်ကျောင်းသားကျောင်းသူ  အရေအတွက်မှာ မြို့နယ် အတွင်း အလယ်တန်း အဆင့် ကျောင်း (၇၁)ကျောင်း  မှ (၉၄၂၆) ဦး၊ အထက်တန်းအဆင့် ကျောင်း (၄၃)ကျောင်းမှ (၃၇၆၈) ဦး စုစုပေါင်း (၁၃၁၉၄) ဦး  ဖြစ်ကြောင်းမြို့နယ်ပညာရေးမှူး ဦးဦးလှမြင့်ထံ မှသိရသည်။

ကိုဇော် (ဟင်္သာတ)