မြင်းမူ  အောက်တိုဘာ ၁၅ 

 

စစ်ကိုင်းတိုင်းဒေသကြီး၊ စစ်ကိုင်းခရိုင်၊  မြင်းမူမြို့နယ်အတွင်း  ယခုနှစ်မိုးရာသီတွင် စိုက်ပျိုးထားရှိသည့် မိုးစပါးစိုက်ခင်းအချို့ ရေကြီးနစ်မြုပ် ထိခိုက်ပျက်စီး ဆုံးရှုံးမှုဖြစ်ပွားခဲ့ရာ ပျက်စီးဆုံးရှုံးခဲ့သည့်  မိုးစပါးစိုက်ဧကများအတွက် မြေဩဇာများ ထောက်ပံ့ပေးအပ်ခြင်းကို အောက်တိုဘာ(၁၄)ရက်က  မြင်းမူမြို့ စိုက်ပျိုးရေးဦးစီးဌာနရုံးတွင်ပြုလုပ်ခဲ့ကြောင်း  သိရှိရသည်။

 

ထောက်ပံ့ပေးအပ်ပွဲတွင် မြို့နယ်အုပ်ချုပ်ရေးမှုး ဦးရဲကိုကိုက ဒေသခံ တောင်သူများကို အားပေးစကားပြောကြားကာ လိုအပ်ချက်များအား သက်ဆိုင်ရာ ဌာနများနှင့် ပူးပေါင်း၍ စိုက်ပျိုးရေးကဏ္ဍ ဖွံ့ဖြိုးရေးကြိုးပမ်းဆောင်ရွက်ကြရေး မှာကြားသည်။

ယင်းနောက်မြို့နယ်

စိုက်ပျိုးရေးဦးစီးမှုးဦးရဲမြင့်သိန်းက မြေဩဇာများ ထောက်ပံ့ပေးအပ်ရခြင်းနှင့်ပတ်သက်၍ အမှာစကားပြောကြားကာ    မြို့နယ်အုပ်ချုပ်ရေးမှုးနှင့်တာဝန်ရှိသူများက      မိုးစပါးသီးနှံ ထိခိုက်ဧကများအတွက် သက်ဆိုင်ရာတောင်သူများကို ဓာတ်မြေဩဇာအိပ်များ   အသီးသီး ပေးအပ်ခဲ့ကြောင်းသိရှိရသည်။

ထောက်ပံ့ပေးအပ်ရာတွင်    မိုးစပါးသီးနှံထိခိုက်ခံရသည့်     ကျေးရွာများဖြစ်သည့် အလ္လကပ္ပ၊ ထီးဆောင်း၊ အနောက်ပိုင်းရပ်ကွက်၊ ဝမ်းပြည့်ကျေးရွာနှင့် ဆပ္ပန်းကုန်းကျေးရွာများမှ ဒေသခံတောင်သူ(၃၄၃)ဦး၊  ပျက်စီးမိုးစပါး(၄၀၁)ဧကအတွက်   ဓာတ်မြေဩဇာအိတ်များကို ထောက်ပံ့ပေးအပ်ခဲ့ခြင်းဖြစ်ကြောင်း သိရှိရသည်။

          

အောင်စိုးဖေ(မြင်းမူ)