မယ်စဲ့ အောက်တိုဘာ ၁၅

ကယားပြည်နယ်၊ ဘောလခဲခရိုင်၊ မယ်စဲ့မြို့နယ်တွင် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဝန်ကြီးဌာန၊ မြို့နယ်ဦးစီးမှူးရုံးမှ ပန်းခင်းစီမံချက်ဖြင့် နိုင်ငံသားစိစစ်ရေးကတ်နှင့် အိမ်ထောင်စုစာရင်း များအား ကျွေးရွာအရောက် ကွင်းဆင်းရွက်ပေးခြင်းကို အောက်တိုဘာ ၁၄ ရက် က ဝမ်ကန်ကျေးရွာသို့ ကွင်းဆင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

ဝမ်ကန်ကျေးရွာရှိ အိမ်ထောင်စုစာရင်းမရှိသူများ၊ နိုင်ငံသားစိစစ်ရေးကတ်ပြားများအား အချိန်တို အတွင်း အိမ်ထောင်စုစာရင်းနှင့် နိုင်ငံသားကတ် ရရှိရေးအတွက် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ မြို့နယ်ဦးစီးမှူးရုံးမှ ဦးစီးအရာရှိ ဦးဇော်ဝင်းနှင့် ဝန်ထမ်းများက နိုင်ငံသားစိစစ်ရေးကတ် ၂၀၊ အိမ်ထောင်စုစာရင်း ခု ပြုလုပ်ပေးခဲ့ပြီး မယ်စဲ့မြို့နယ်တွင် ယနေ့ အထိ ပန်းခင်းစီမံချက်ဖြင့် နိုင်ငံသားစိစစ်ရေးကတ် ၅၉ ခုနှင့် အိမ်ထောင်စုစာရင်း ၅၅ ခု ပြုလူပ်ပေးနိုင်ခဲ့ကြောင်း သိရသည်။

ထို့နောက် မြို့နယ်ဦးစီးမှူး ဦးဇော်ဝင်းက ဝမ်ကန်ကျေးရွာနေ ဒေသခံပြည်သူများအနေဖြင့် နိုင်ငံသားကတ်မှတ်ပုံတင်ရရှိခြင်းဖြင့် မိမိတို့၏ လူမှုရေး၊ အလုပ်အကိုင်ရရှိရေး၊ သွားလာရေး၊ ပညာရေး စသည့် လူမှုစီးပွားဘဝမြှင့်တင်နိုင်မည်ဖြစ်ရာ ကျေးရွာ ပြည်သူများထံအရောက် ကွင်းဆင်းဆောင်ရွက်ပေးခြင်းဖြစ်ကြောင်း ရှင်းလင်းပြောကြားပြီး ပန်းခင်းစီမံချက် လက်ကမ်းစာစောင်များကို အခမဲ့ဖြန့်ဝေခဲ့ကြောင်း သိရသည်။

ဝတ်ရည်(ပြန်/ဆက်)