ဂျီနီဗာ အောက်တိုဘာ ၁၅
ကုလသမဂ္ဂအတွင်းရေးမှူးချုပ် အန်တိုနီယို ဂူတာရက်စ်က ၂၀၂ ဘတ်ဂျက်အတွက် အမေရိကန်ဒေါ်လာ ၃ ဒသမ ၁၂ ဘီလီယံနီးပါးကို အောက်တိုဘာ ၁၃ ရက်က တောင်းဆိုလိုက်သည်။
မိမိတို့ကို အပ်နှင်းထားသောလုပ်ပိုင်ခွင့်များကို အပြည့်အဝ အကောင်အထည်ဖော်ရမည် ဖြစ်သောကြောင့် အမေရိကန်ဒေါ်လာ ၃ ဒသမ ၁၂ ဘီလီယံ လိုအပ်ကြောင်း ဘတ်ဂျက်ရေးရာစီမံခန့်ခွဲရေးဆိုင်ရာ ကုလသမဂ္ဂအထွေထွေ ညီလာခံ၏ ငါးကြိမ် မြောက်ကော်မတီတွင် ပြောကြားလိုက်သည်။
အဆိုပြု ဘတ်ဂျက်သည် အလုပ်ရာထူးနေရာ စုစုပေါင်း ၁၀၀၀၅ ခုကို လွှမ်းခြုံနိုင်မည်ဖြစ်သည် သို့မဟုတ် ၂၀၂၁ ခုတွင် တိုးလာသည့် အလုပ် ရာထူးနေရာ ၄၆ ခုကိုပါ လွှမ်းခြုံနိုင်မည်ဖြစ်သည်။
အလုပ်နေရာအများစုအတွက် ထပ်မံအသစ် တိုးလာသည့် အလုပ်ရာထူးနေရာ ၄၃ ခုသည် ပါလက်စတိုင်း ဒုက္ခသည်များကို ပညာရေး၊ ကျန်းမာရေးနှင့် အထွေထွေကူညီထောက်ပံ့ပေးရန် ကုလသမဂ္ဂ ဒုက္ခသည်ကယ်ဆယ်ရေး အေဂျင်စီ အတွက်ဖြစ်ကြောင်း ၎င်းကပြောသည်။
၂၀၂၁ ခုနှစ်ကို ခက်ခဲမှုများနှင့် စတင်ခဲ့သော်လည်း ကုလသမဂ္ဂ၏ ငွေကြေးအခြေအနေသည် တိုးတက် ကောင်းမွန်လာခဲ့ကြောင်း ဂူတာရက်စ်က ပြောသည်။
အင်န်အိတ်ချ်ကေ