တိုကျို အောက်တိုဘာ ၁၅

 

အထွေထွေရွေးကောက်ပွဲအတွက် ဂျပန်အောက်လွှတ်တော်ကို ဖျက်သိမ်းလိုက်သည်။ အောက်လွှတ်တော်ဥက္ကဋ္ဌက ရွေးကောက်ပွဲအတွက် အခုလို ဖျက်သိမ်းလိုက်ခြင်းဖြစ် ကြောင်း အောက်တို ဘာ ၁၄ ရက်က ကြေညာလိုက်သည်။

 

အောက်တိုဘာ ၃၁ ရက်တွင် ကျင်းပရန် မျှော်လင့်ထားသည့် ရွေးကောက်ပွဲ ကျင်းပမည့်ရက် အတိအကျကို သတ်မှတ်ရန် အစိုးရအဖွဲ့များ ထပ်မံဆွေးနွေးမည် ဖြစ်သည်။

 

အောက်တိုဘာ ၁၉ ရက်တွင် ရွေးကောက်ပွဲ လှုပ်ရှားမှုများကို တရားဝင် စတင်မည်ဖြစ်သည်။ လေးနှစ်အတွင်း ပထမဆုံးအကြိမ် အောက်လွှတ်တော် ရွေးကောက်ပွဲဖြစ်သည်။

 

ကိုရိုနာဗိုင်းရပ်စ်ကပ်ရောဂါကို မည်သို့ မည်ပုံ တုံ့ပြန်သွားမလဲဆိုသည့် ကိစ္စရပ်နှင့် စီးပွားရေးကို မည်သို့ပြန်လည် တည်ဆောက်သွားမလဲဆိုသည့် ကိစ္စရပ် များသည် ထိပ်ဆုံး ဦးစားပေးကိစ္စရပ်များ ဖြစ်သည်။

 

ဝန်ကြီးချုပ် ဖူမီယို ကီရှီးဒါး ကို ဂျပန် နိုင်ငံ၏ ခေါင်းဆောင်အဖြစ် အောက်တိုဘာ ၄ ရက်က အတည်ပြုခဲ့သည်။ ဝန်ကြီးချုပ် အာဏာလွှဲပြောင်းရယူခြင်းနှင့် အောက် လွှတ်တော်ဖျက်သိမ်းခြင်းကြား အချိန်ကာလသည် ဒုတိယကမ္ဘာစစ်ပြီးခေတ်တွင် အတိုဆုံးဖြစ်သည်။

အင်န်အိတ်ချ်ကေ