နတ်မောက် အောက်တိုဘာ  ၁၅

မကွေးတိုင်းဒေသကြီး ဆီလုပ်ငန်းရှင်များအသင်းစီမံချက်ဖြင့် အိမ်ထောင်စုဝင်များအား စားသုံးဆီများ သက်သာသောဈေးနှုန်းဖြင့် ယမန်နေ့ နံနက်ပိုင်းက ဈေးရပ်ကွက် ဦးဝင်းအောင် ဆန်၊ ဆီ၊ ဆား ရောင်း ဝယ်ရေးဆိုင်တွင် ဈေးနှုန်းချိုသာစွာရောင်းချပေးခဲ့ကြောင်း သိရသည်။

ထိုသို့ရောင်းချပေးရာ နတ်မောက်မြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါကာလအတွင်း ပြည်သူများ အခြေခံ စားသောက်ကုန်များအား သက်သာသောဈေးနှုန်းဖြင့် ဝယ်ယူရရှိနိုင်ရန်ရည်ရွယ်၍ ဈေးရပ်ကွက် ဦးဝင်းအောင် ဆန်၊ ဆီ၊ ဆား ရောင်းဝယ်ရေးဆိုင်မှ စားသုံးဆီပိဿာ(၁၁၀၀)ကို နတ်မောက်မြို့ပေါ် (၇) ရပ်ကွက်ရှိ ပြည်သူများ စားဝတ်နေရေးအဆင်ပြေစေရန်အတွက် အိမ်ထောင်စုတစ်စုအားစားသုံးစီ တစ်ပိဿာလျှင် (၃၉၀၀) ကျပ်နှုန်းဖြင့် (၂) ရက်တိတိ ရောင်းချပေးခဲ့ကြောင်း သိရသည်။

“ကျွန်မတို့ ဝယ်စားရတဲ့စားသုံးဆီက ဈေးကြီးနေ၍ အခုလို တစ်ပိဿာကို (၃၉၀၀) ကျပ်ဖြင့် ရောင်းချပေး သည့်အတွက် ကျေးဇူးတင်ကျေနပ်ဝမ်းသာမိသည်ဟု” ဆီဝယ်သူဒေသခံ တစ်ဦးထံမှ သိရသည်။

(မြို့နယ် ပြန်/ဆက်)