မကွေး အောက်တိုဘာ ၁၆

 

မကွေးတိုင်းဒေသကြီး အစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးတင့်လွင်သည် ယနေ့ နံနက် နာရီက မကွေးမြို့ ပြည်တော်သာလမ်းနှင့် ဗိုလ်ချုပ်လမ်းဆုံ၌ ကျင်းပသည့် မကွေးတိုင်းဒေသကြီး လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ ပန်းခင်းစီမံချက်၏ လူမှုဘဝပြည့်စုံဖို့ နိုင်ငံသားကတ်ကိုင်ကြစို့ Billboard စိုက်ထူပွဲအခမ်းအနား တက်ရောက်သည်။

 

ရှေးဦးစွာ ဝန်ကြီးချုပ်က ပန်းခင်းစီမံချက် ဆောင်ရွက်မှုနှင့်စပ်လျဉ်း၍ ယခုအခါ နိုင်ငံတစ်ဝှမ်းတွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ၏ လမ်းညွှန်ချက်အရ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဝန်ကြီးဌာန၏ ဦးဆောင်ကြီးကြပ်မှု၊ မကွေးတိုင်းဒေသကြီး အစိုးရအဖွဲ့၏ အနီးကပ်ကွပ်ကဲမှုတို့ဖြင့် ပြည်ထောင်စု မြန်မာနိုင်ငံအတွင်း နေထိုင်ကြသော တိုင်းရင်းသားများနှင့် ဥပဒေအရ နိုင်ငံသားများအား အိမ်ထောင်စု လူဦးရေစာရင်းနှင့် နိုင်ငံသား စိစစ်ရေးကတ်ပြားများ ထုတ်ပေးနိုင်ရေးအတွက် ပန်းခင်းစီမံချက်ကို အကောင်အထည်ဖော် ဆောင်ရွက်နေသည့် ကာလဖြစ်ကြောင်း၊ ပန်းခင်းစီမံချက်ကို ၂၀၂၁ ခုနှစ် မေ ၃ ရက်မှ စတင်အကောင်အထည်ဖော် ဆောင်ရွက်ခဲ့ပြီး စီမံချက်ကာလကို (၁၈) လလျာထား ဆောင်ရွက်သွားမှာ ဖြစ်ကြောင်း၊ ပန်းခင်းစီမံချက်ဖြင့် ရပ်ကွက်အလိုက်၊ ကျေးရွာအုပ်စုအလိုက် ကွင်းဆင်း ဆောင်ရွက်ပေးသည့်အတွက် ယခင်ကလို မြို့ပေါ်ကို ကိုယ်တိုင်မသွားရတော့သဖြင့် အချိန်ကုန် ငွေကြေးကုန်ကျမှု သက်သာပြီး ကိုယ့်ရပ်ရွာမှာပင် လုပ်ငန်းခွင်မပျက်၊ အလုပ်အကိုင်မပျက် နိုင်ငံသားစိစစ်ရေး ကတ်ပြားများကို ရရှိနိုင်ကြပြီ ဖြစ်ကြောင်း၊ မကွေးတိုင်းဒေသကြီးအတွင်း စီမံချက်စတင်သည့်နေ့မှ ယနေ့အထိ အသက် ၁၀ နှစ်ပြည့်  နိုင်ငံသားစိစစ်ရေးကတ်ပြား (၆၂၈၁) ကတ်၊ အသက် (၁၈) နှစ်ပြည့် နိုင်ငံသားစိစစ်ရေး ကတ်ပြား (၇၁၉၀) ကတ်၊ အသက် ၁၀ နှစ်မှ ၁၈ နှစ်ပြည့် လဲလှယ်ခြင်း (၈၇၂၄) ယောက်၊ ပျောက်ဆုံး / ပျက်စီးခြင်းအတွက် မိတ္တူလျှောက်ထားခြင်း (၁၀၇၈၆) ကတ်၊ စုစုပေါင်း (၃၂၉၈၁) ကတ်၊ အိမ်ထောင်စုစာရင်း (၉၅၅၁) စုနှင့် ရွှေ့ပြောင်းအိမ်ထောင်စုစာရင်း ၇၃ စုတို့ကို ဆောင်ရွက်ပေးနိုင်ခဲ့ပြီး ဖြစ်ကြောင်း ရှင်းလင်းပြောကြားခဲ့သည်။

 

ထို့နောက် ဝန်ကြီးချုပ် ဦးတင့်လွင်၊ လေတပ်စခန်းဌာနချုပ်မှူး ဗိုလ်မှူးချုပ် ဝင်းမောင်သိန်း၊ လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးကျော်ကျော်လင်း၊ လူမှုရေးရာဝန်ကြီး ဦးစိုးပိုင်မြင့်တို့မှ ပန်းခင်းစီမံချက်၏ လူမှုဘဝပြည့်စုံဖို့ နိုင်ငံသားကတ်ကိုင်ကြစို့ Billboard စိုက်ထူပွဲအား ဖဲကြိုးဖြတ်ဖွင့်လှစ်ခဲ့သည်။

 

အဆိုပါအခမ်းအနားသို့ မကွေးတိုင်းဒေသကြီး ဝန်ကြီးချုပ်မကွေးလေတပ်စခန်းဌာနချုပ်မှူး တိုင်းဒေသကြီး ဝန်ကြီးများ၊ မကွေးတပ်နယ်မှူး၊ ခရိုင်နှင့်မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ စီမံအုပ်ချုပ်ရေးအဖွဲ့မှ ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန မကွေးတိုင်းဒေသကြီး ဦးစီးမှူးနှင့် ခရိုင်အဆင့်/မြို့နယ်အဆင့် ဌာနဆိုင်ရာ ဝန်ထမ်းများ အသီးသီးတက်ရောက်ခဲ့ကြောင်း သိရသည်။

 

ကိုအောင် (ပြန်/ဆက်)