ကြို့ပင်ကောက် အောက်တိုဘာ ၁၆
မြန်မာနိုင်ငံ ဆီကုန်သည်များအသင်း၏စီစဉ်မှုဖြင့် စားသုံးဆီများသက်သာသောဈေးဖြင့် ဒေသခံပြည်သူ များအား ရောင်းချပေးခြင်းကို ကြို့ပင်ကောက်မြို့ ဈေးချိုမြောက်ရပ်ကွက် ရုံးလမ်းရှိ ရွှေဂျိုးဖို ကုန်မျိုးစုံဆိုင်တွင် ယနေ့ မွန်းလွဲပိုင်းမှ စတင်ရောင်းချပေးလျက်ရှိသည်။
ကြို့ပင်ကောက်မြို့တွင် ဒေသခံများ သက်သာသောဈေးဖြင့် စားသုံးဆီများဝယ်ယူစားသုံးနိုင်ရန် တစ်ပိဿာလျှင် ငွေကျပ် ၃၈၅၀ ကျပ်နှုန်းဖြင့် တစ်အိမ်ထောင်လျှင် နှစ်ပိဿာနှုန်း ရောင်းချပေး လျက်ရှိကြောင်း မြို့ပေါ်တွင်သာမက ကျေးရွာများမှ လက်လီပြန်လည်ရောင်းချနေသူများမှတဆင့် ဖြန့်ဖြူး ပေးလျက်ရှိကြောင်း တစ်ရက်လျှင် ပိဿာချိန် (၁၁၀)ပါ ဆီပေပါ(၅)လုံး ရောင်းချပေးမည်ဖြစ်ပြီး စုစုပေါင်း ဆီပေပါ (၁၅)လုံးရောင်ချပေးရန်ရရှိထားကြောင်း ရွှေဂျိုးဖို ကုန်မျိုးစုံဆိုင်ပိုင်ရှင် ဦးတင်လှထွန်းက ပြောသည်။
ဈေးကွက်အတွင်း (VegetableOil) ဟင်းသီးဟင်းရွက်ဆီ အမျိုးအစားအား တစ်ပိဿာလျှင် ငွေကျပ်(၆၀၀၀)ကျော် စားအုန်းဆီတစ်ပိဿာလျှင် ငွေကျပ် ၄၇၅၀ နှုန်းဖြင့် ဝယ်ယူစားသုံးနေရသဖြင့် သက်သာသောဈေးနှုန်း ဆီတစ်ပိဿာလျှင် ၃၈၅၀ ကျပ်ဖြင့် ဝယ်ယူစားသုံးနိုင်စေရန်အတွက် တစ်အိမ်ထောင်လျှင် နှစ်ပိဿာနှုန်းရောင်းချပေးခြင်းဖြစ်ကြေင်း သိရသည်။
ဇေယျာထွန်း(ကြို့ပင်ကောက်)