ဟိုင်းကြီးကျွန်း အောက်တိုဘာ ၁၇
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ငပုတောမြို့နယ်၊ ဟိုင်းကြီးကျွန်းမြို့၊ ဒီးဒူးကုန်း ကျေးရွာအုပ်စုတွင် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ ငပုတောမြို့နယ် ဦးစီးမှူးရုံးမှ ဦးဖြိုးဝေစိုး ဦးဆောင်၍ ပန်းခင်းစီမံချက်ဖြင့် အိမ်ထောင်စု လူဦးရေစာရင်းနှင့် ကိုင်ဆောင်သင့်သော ကတ်တစ်မျိုးမျိုး ထုတ်ပေးရေးလုပ်ငန်းများကို အောက်တိုဘာ ၁၅ ရက်နှင့် ၁၆ ရက်တို့တွင် ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
အဆိုပါ ပန်းခင်းစီမံချက်ဖြင့် နိုင်ငံသားစိစစ်ရေးကတ်ပြား ကွင်းဆင်းဆောင်ရွက်ခြင်းကို ကျန်းမာရေး ၀န်ကြီးဌာနမှ ထုတ်ပြန်ထားသည့် ကိုဗစ်-၁၉ ညွှန်ကြားချက်များနှင့်အညီ အသက် ၁၀ နှစ်နှင့်အထက် နိုင်ငံသားကတ် ကိုင်ဆောင်မှု ၃(က) ၁၁၄ ဦးကိုလည်းကောင်း၊ အသက် ၁၈ နှစ်နှင့်အထက် နိုင်ငံသားကတ် ကိုင်ဆောင်မှု ၆(က) ၁၅၉ ဦးကိုလည်းကောင်း၊ အသက် ၁၀ နှစ်မှ ၁၈ နှစ်ပြည့် လဲလှယ် ၁၅၈ ဦးကိုလည်းကောင်း၊ ပျောက်ဆုံး ပျက်ဆီးထုတ်ပေး ၅၅ ဦးကိုလည်းကောင်း ဆောင်ရွက်ပေးခဲ့ပြီးဒီးဒူးကုန်း ကျေးရွာအုပ်စုတွင် ၄၈၆ ဦးကို ဆောင်ရွက်ပေးပြီးဖြစ်ကြောင်းသိရသည်။
နွေးနွေးအောင်ကြွယ်