mdn

ကန့်ဘလူ   အောက်တိုဘာ   ၁၇

စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူမြို့နယ် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဆိုင်ရာဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဦးအောင်မြင့်မော်နှင့် ဝန်ထမ်းများက ပန်းခင်းစီမံချက်ဖြင့် အိမ်ထောင်စု လူဦးရေစာရင်းနှင့် နိုင်ငံသား စိစစ်ရေးကတ်များကို အောက်တိုဘာ ၁၆ ရက်က နတ်ပေးကျေးရွာအုပ်စု နတ်ပေးကျေးရွာ အုပ်ချုပ်ရေးမှူးရုံး၌ ကွင်းဆင်းဆောင်ရွက်ပေးခဲ့သည်။

ပန်းခင်းစီမံချက်ဖြင့်ဆောင်ရွက်ရာတွင် နတ်ပေးကျေးရွာအုပ်စု နတ်ပေး၊ ငါတို့နှင့် နတ်အင်းကျေးရွာမှ ပြည်သူများအား ပန်းခင်းစီမံချက်ဖြင့် နိုင်ငံသား စိစစ်ရေးကတ်ပြားနှင့် အိမ်ထောင်စု လူဦးရေစာရင်းများ ကွင်းဆင်းပြုလုပ်ပေးခဲ့ရာ အိမ်ထောင်စုလူဦးရေစာရင်း ၅၀ စောင်၊ ၃-က ၁၅၁ ဦး၊ ၆-က ၁၆ ဦး၊ လဲလှယ် ခြောက်ဦး၊ မိတ္ထူ ငါးဦးတို့ကို ပြုလုပ်ဆောင်ရွက်ပေး ခဲ့ကြောင်းသိရသည်။

အောင်ဝင်းငြိမ်း(ကန့်ဘလူ)